အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

ဆေးဘက်ဆိုင်ရာအလှအပ

ထိုင်ပေဆေးတက္ကသိုလ်ပူတွဲဆေးရုံသည် နိုင်ငံတကာအဆင့်မှီထိုင်ပေ ၁၀၁ တာဝါ စီးပွားရေးဇုန်တွင်တည်ရှိသည်။

“အသားအရည်ကောင်းမွန်အောင်စောင့်ရှောက်ပေးခြင်းနှင့် ရုပ်အလှအပကိုပြုပြင်ထားခြင်းဖြစ်သော်လည်း သဘာဝအတိုင်း ကျန်းမာလှပစေရမည်” မှာကျွန်ုပ်တို့၏ခံယူချက်ဖြစ်သည်။ ပြည်ပနိုင်ငံမှအထူးမွမ်းမံသင်တန်းတက်‌ရောက်ထားသော အလှအပဆိုင်ရာအထူးကုဆရာဝန်ကြီးများအများအပြားရှိသည့်အပြင် ခေတ်မှီဆန်းသစ်သောနည်းပညာများ

အသုံးပြုလျက်ရှိပြီး  လေဆာကုထုံးများ၊ အရည်ပြားကိုဒဏ်ရာ၊ အမာရွတ်မကျန်ရှိအောင်ဆွဲဆန့်ပေးခြင်း၊  ဥရောပနှင့်အမေရိကမှ အရည်အသွေးမြင့်နည်းပညာဖြင့် ထုတ်လုပ်တင်သွင်းထားသော ပစ္စည်းများဖြင့် ထည့်သွင်းကုသခြင်း၊ အသေးစားပြုပြင်ခြင်း ၊ အသားဖြူအောင်ပြုလုပ်ပေးခြင်း၊ မျက်နှာပေါ်ရှိအမည်းစက်များဖယ်ရှားပေးခြင်း၊ အရည်းအကြောင်းများဖယ်ရှာပေးခြင်း၊ မျက်နှာကိုသေးငယ်အောင်ပြုပြင်ပေးခြင်း၊ လျော့တွဲ‌နေသောအသားအရည်ကို

ကျစ်လစ်အောင်ပြုလုပ်ပေးခြင်း၊ အမာရွတ်ဖယ်ရှားပေးခြင်း၊ အမွှေးအမျှင်များဖယ်ရှားပေးခြင်း စသည်တို့အပြင် အဆီပိုများဖယ်ရှားခြင်း၊ ရင်သားပြုပြင်ခြင်း၊ မျက်ရစ်ဖော်ခြင်း၊ မျက်နှာအရေပြားတင်ရင်းစေရန်ပြုလုပ်ပေးခြင်း စသည့်ဝန်ဆောင်မှုများပေးသည်။ ဆေးပညာဖြင့် အလှအပဆိုင်ရာကိစ္စရပ်များအတွက် ပြုပြင်ကုသပေးလျက်ရှိပြီး  လူနာများ၏ အသိအမှတ်ပြုမှုကို ရရှိသော ဌာနတစ်ခုဖြစ်သည်။ ပြုပြင်ခွဲစိတ်ကုသမှုဆိုင်ရာအဖွဲ့သည်

အမျိုးမျိုးသောအနုစိပ်ခွဲစိတ်မှုကိုလည်းပြုလုပ်ပေးသည်။ သင်သည် ကိုယ့်ကိုယ်ကိုလှပစေရမည်ဟု ဆုံးဖြတ်ထားသည်နှင့် ကျွန်ုပ်တို့၏ခန့်ညားထယ်ဝါသော ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲ‌ဆေးရုံ မျက်နှာအလှပြုပြင်ရေးဆိုင်ရာဆေးရုံဌာနသို့

ကြွလှမ်းခဲ့ပါ။ ကျွန်ုပ်တို့အလှအပဆိုင်ရာဆေးရုံဌာန၏ ဆေးဘက်ဆိုင်ရာအဖွဲ့သည် သင်၏လိုအပ်ချက်များကို

ဂရုတစိုက်နားထောင်ပေးမည့်အပြင် သင်နှင့်အကိုက်ညီဆုံးသော အလှအပပြုပြင်ရေးကို စီစဥ်ပေးပါမည်။

ပါရဂူ

Taipei Medical University Hospital

張宜菁, ဒေါက်တာ ကျန်းရိကျင်း I-Jing Chang

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲဆေးရုံသည် နိုင်ငံတကာအဆင့်မြင့်၁၀၁တာဝါ၏စီပွားရေးနယ်မြေအတွင်းတွင်တည်ရှိသည်။ ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲ‌ဆေးရုံ မျက်နှာအလှပြုပြင်ခြင်းဆိုင်ရာဆေးရုံဌာနသည် “အသားအရည်ကောင်းမွန်အောင်စောင့်ရှောက်ပေးခြင်း၊ ရုပ်အလှအပကိုပြုပြင်ထားခြင်းဖြစ်သော်လည်း သဘာဝအတိုင်းလှပစေရမည်” ဆိုသော ရည်ရွယ်ချက်ဖြင့် တစ်ကမ္ဘာလုံးရှိတရုတ်လူမျိုးများ၊ အမေရိကန်၊ ကနေဒါ ၊ဥရောပ၊ အာရှနှင့် အခြားနေရာများမှလူနာများကို ချောမွေ့တောက်ပသော အသားအရည်နှင့်အလှအပများကို အသစ်တဖန်

ပြန်လည်ရရှိအောင် ပြုပြင်ဖန်တီးပေးသည်။           
ကျွန်ုပ်တို့တွင်ပြည်ပနိုင်ငံမှ အထူးမွမ်းမံသင်တန်းတက်‌ရောက်ထားသော အလှအပဆိုင်ရာအထူးကုဆရာဝန်ကြီးများ အများအပြားရှိသည့်အပြင် ခေတ်မှီဆန်းသစ်သောပြည်ပနိုင်ငံများမှလေဆာအလင်းကုထုံးများကို စဉ်ဆက်မပြတ်တင်သွင်းကုသပေးခြင်း၊ အရည်ပြားကိုဒဏ်ရာအရာမကျန်ရှိအောင်ဆွဲဆန့်ပေးခြင်း၊ ဥရောပနှင့်အမေရိကမှ အရည်အသွေးမြင့်မျက်နှာကိုအသေးစားပြုပြင်ခြင်း ဆေးပညာဖြင့်ကုသပေးခြင်း၊ အသားဖြူအောင်ပြုလုပ်ပေးခြင်း၊ မျက်နှာပေါ်ရှိအမည်းစက်များဖယ်ရှားပေးခြင်း၊အရည်းအကြောင်းများဖယ်ရှာပေးခြင်း၊ မျက်နှာကိုသေးငယ်အောင်ပြုပြင်ပေးခြင်း၊ လျော့တွဲ‌နေသောအသားအရည်ကိုကျစ်လစ်အောင်ပြုလုပ်ပေးခြင်း၊ အမာရွတ်ဖယ်ရှားပေးခြင်း၊ အမွှေးအမြှင်များဖယ်ရှားပေးခြင်း အစ‌ရှိသောဆေးပညာဖြင့်အလှအပဆိုင်ရာကိစ္စများကို ဆေးပညာဖြင့်ပြုလုပ်ပေးခြင်းတို့ကြောင့် အလှအပပြုပြင်‌ရာတွင်အသိအမှတ်ပြုခံရသည်။
ကျွန်ုပ်တို့ပလပ်စတစ်စာဂျရီခွဲစိတ်မှုကျွမ်းကျင်အဖွဲ့သည် ကိုယ်ခန္ဓာ၏အချို့အစိတ်အပိုင်းများတွင်ပိုလျှံသောအဆီများကို

ဖယ်ထုတ်ပေးခြင်း၊ရင်သားကိုလှပအောင်ပြုပြင်ပေးခြင်း၊ မျက်ခွံနှင့်မျက်နှာများကိုပလပ်စတစ်စာဂျရီခွဲစိတ်ခြင်း၀န်ဆောင်

မှုများပြုလုပ်ပေးခြင်း၊ သင်သည်ကိုယ့်ကိုယ်ကိုလှပစေရမည်ဟုဆုံးဖြတ်ထားသည်နှင့်ကျွန်ုပ်တို့အလှအပဆိုင်ရာဆေးရုံဌာန

၏ဆေးဘက်ဆိုင်ရာအဖွဲ့သည်သင်၏လိုအပ်ချက်များကိုဂရုတစိုက်နားထောင်ပေးခြင်း၊ သင်နှင့်အကိုက်ညီဆုံးသောအလှအပ

ပြုပြင်ရေးကိုစီစဥ်ပေးပါမည်။ ကုသမှုကာလအတွင်းသင်၏သက်သောင့်သက်သာရှိမှုကို ကျွန်ုပ်တို့တန်ဖိုးထားသည်။

စတိုင်ကျလှပ၍ လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ကိုဖန်တီးပေးသည်။ မိတ်ကပ်များကိုဖျက်ပေးခြင်း အစရှိသောအသေးအမွှားကိစ္စလေးကအစ ခွဲစိတ်ပြီးနောက်ပြုစုစောင့်ရှောက်သည့်အထိသာမက ကျွမ်းကျင်ရင်းနှီးသောစောင့်ရှောက်မှုဆိုင်ရာအလှအပပညာရှင်များသည် ဆရာဝန်အားကူညီခြင်းနှင့် လုပ်ငန်းစဉ်တစ်လျှောက်လုံးသင့်လိုအပ်ချက်များ လိုလေသေးမရှိအောင် ဝန်ဆောင်မှုများကို ပြုလုပ်ပေးသည်။
置頂