အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးရုံအကြောင်းအရာနှင့်ပတ်သက်၍

ဆေးရုံအကြောင်းအရာနှင့်ပတ်သက်၍

這是一張圖

ထိုင်ပေဆေးတက္ကသိုလ် (ထိုင်၀မ်တွင် ပေရီတာဟုအတိုကောက်ခေါ်သည်။)ကို ၁၉၆၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လွန်ခဲ့သောရာစုနှစ်ဝက်အတွင်း ၎င်းသည် ကောလိပ်(၁၁)ခုနှင့်လက် အောက်ဆေးရုံခွဲ (၆) ခုရှိသည့် ကမ္ဘာ့အဆင့်မီ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဖြစ်လာသည်။ ဆေးပညာသင်ကြားမှု၊ လက်တွေ့သုတေသနပြုလုပ်မှု၊ ထုတ်ကုန် နည်းပညာသုတေသန ဖွံ့ဖြိုးတိုးတက်မှု နှင့် ခေတ်သစ် နည်းပညာဆေးကုသမှုတို့ကို တပေါင်းတစည်းတည်း ပညာရှင်များပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျောင်း ၏ ဆောင်ပုဒ်အနေနှင့်ပြုလုပ်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်မဟာမိတ်ဖွဲ့ခြင်း၊ ပြည်ပနိုင်ငံများမှ အဆင့်မြင့်မား၍ နက်နဲခက်ခဲသော ဆေးပညာဘာသာရပ်များကို ဘာသာပြန်သုတေသန အထူးပြုလုပ်ခြင်း၊ အမျိုးမျိုးသောနယ်ပယ်များမှ လူငယ်မောင်မယ်များကို အရည်အချင်းပြည့်၀သော ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အဓိကပြုစုပျိုးထောင် မွေးထုတ်ပေးသည်။

ထိုင်ပေဆေးတက္ကသိုလ်သည် ဆေးပညာသင်ကြားပေးရေးကို အခြေခံပြီး ဇီဝလက်တွေ့ ဆေးကုသရေးများကို အထူးသုတေသနပြု လုပ်သော တက္ကသိုလ်တစ်ခုဖြစ်သည်။ ယခုနှစ်များအတွင်း ဦးနှောက်ဒဏ်ရာရခြင်း၊ အာရုံကြောပြန်လည်ရှင်သန်နိုင်ခြင်း စသော ဆေးပညာ၊ ကင်ဆာရောဂါသုတေသနပြုလုပ်ခြင်း၊ မျိုးဆက်ပွားဆေးပညာ၊ ဇီဝဆေးပညာပစ္စည်းများ၊ စမ်းသပ်တီထွင်ခြင်းများကို သုတေသပြုလုပ်နိုင်ရန် ဌာနပေါင်း(၂၀)ကို ဖွင့်လှစ်ထားရှိသည်။ ထိုင်ဝမ်အစိုးရအမျိုးသားကျန်းမာရေးဌာန၊ ဗဟိုသုတေသနအင်စတီကျုတို့နှင့် ပူးပေါင်းဆောင်ရွက်သည့်အပြင် အမေရိကန်အမျိုးသားကျန်းမာရေးအင်စတီကျု(NIH) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်း(၁၀) ခုနှင့်လည်း ပူးပေါင်းဆောင်ရွက်သုတေသနပြုလုပ်သည်။ ထိုင်ပေဆေးတက္ကသိုလ်သည် အခြေခံသုတေသနမှ စက်မှုလုပ်ငန်း စွမ်းအင် လက်တွေ့အလေ့အကျင့်များကို ထုတ်လုပ်မှုနှင့် သင်ကြားမှုပေါင်းစပ်ထားသော တီထွင်ဆန်းသစ်သည့် တက္ကသိုလ်တစ်ခုဖြစ်သည်။

၀က်ဘ်ဆိုက်သို့ သွားရန် 這是一張圖
這是一張圖
這是一張圖

ထိုင်ပေဆေးတက္ကသိုလ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်

ထိုင်ပေဆေးကုစင်တာအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ လူနာကို ဗဟိုပြု၍ ကျန်းမာရေးကို စောင့်ရှောက်ပေးခြင်းဖြစ်သည်။ ထိုင်ဝမ်ထိပ်တန်းဆေးတက္ကသိုလ်နှင့် ထိုင်ပေဆေးတက္ကသိုလ်ပိုင် ဆေးရုံခွဲ၊ ဝမ်ဖန်ဆေးရုံ၊ စွမ်းဟော်ဆေးရုံ၊ အမျိုးသားဆေးရုံသစ်၊ ထိုင်ပေကင်ဆာဆေး ကုစင်တာနှင့် အာရုံကြောဆေးကုစင်တာ အထက်ပါဆေးရုံ ၆ရုံပူးပေါင်းပြီး ထိုင်ဝမ်မြောက်ပိုင်း‌ဒေသ၏ အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဆေးကုစင်တာအဖွဲ့စည်းတစ်ခု ဖြစ်လာသည်။

ထိုင်ပေဆေးကုစင်တာအဖွဲ့အစည်းသည် စုစုပေါင်းလူနာဆံ့ကုတင်(၃၀၀၀)ထားရှိပြီး၊ ဆေးဘက်ဆိုင်ရာအထူးကုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များနှင့်အတူ ပြည်တွင်းပြည်ပရှိ ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များအတွက် အစဥ်တစိုက် ကြိုးစားလျက်ရှိသည်။

ထိုင်ပေဆေးတက္ကသိုလ်ပိုင်”တစ်ကျောင်းသုံးဌာန”ဆိုသည်မှာ ထိုင်ပေဆေးတက္ကသိုလ်၊ ထိုင်ပေဆေးတက္ကသိုလ်ပိုင် လက် အောက်ဆေးရုံဌာန၊ ထိုင်ပေမြို့နယ်ပြည်သူပိုင် ဝမ်ဖန်ဆေးရုံဌာန၊ လူမှုကျန်းမာဖူလုံရေး၀န်ကြီး စွမ်းဟော်ဆေးရုံဌာန တို့ဖြစ်သည်။၎င်း”တစ်ကျောင်းသုံးဌာန”သည် နိုင်ငံတော်အသိအမှတ်ပြု အရည်အသွေးဆုကို ရရှိခဲ့သည်။ ထိုင်ပေဆေးတက္ကသိုလ်ပိုင် လက်အောက်ဆေးရုံ၊ ဝမ်ဖန်ဆေးရုံနှင့် စွမ်းဟော်ဆေးရုံတို့သည် နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာဆေးရုံ JCI မှ အကဲဖြတ်အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ ထို့ကြောင့်နိုင်ငံအသီးသီးမှ လူနာများသည် ထိုင်ဝမ်၌ ဆေးကုသမှုခံယူရာတွင် ထိုင်ပေဆေးကုစင်တာ အဖွဲ့အစည်းများကိုသာ အများအားဖြင့် ရွေးချယ်ကြသောကြောင့် ပထမဦးစားပေးဆေးရုံများ ဖြစ်လာသည်။

နှစ်စဉ် ဥရောပ၊ အမေရိက၊ အာရှနှင့်အခြားနိုင်ငံများမှ လူနာ(၁)သောင်းကျော်သည် ထိုင်ပေဆေးကုစင်တာ အဖွဲ့အစည်း သို့ လာရောက်ဆေးကုသမှု ခံယူကြသည်။ ကျွန်ုပ်တို့ဆေး ရုံသည်လုံခြုံပြီး အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုအပြင် သက်သောင့်သက်သာရှိမှု၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် အကောင်းဆုံး ၀န်ဆောင်မှုများကြောင့် ပြည်တွင်းပြည်ပရှိ လူနာများ၏ ချီးမွမ်းအသိမှတ်ပြုခြင်းကို ရရှိခဲ့သည်။

တွဲဖက်လက်အောက်ဆေးရုံ

Taipei Medical University Hospital
Taipei Medical University Hospital

Taipei Medical University Hospital

လိပ်စာ:No. 252, Wuxing St, Xinyi District, Taipei City, 110

ဌာနချုပ်ဖုန်း:+886-2-27372181

https://english.tmuh.org.tw/

Taipei Municipal Wanfang Hospital
Taipei Municipal Wanfang Hospital

Taipei Municipal Wanfang Hospital

လိပ်စာ:No.111, Sec. 3, Xinglong Rd., Wenshan Dist., Taipei City, 116

ဌာနချုပ်ဖုန်း:+886-2-29307930

http://www.taiwanhealthcare.com/

Shuang Ho Hospital
Shuang Ho Hospital

Shuang Ho Hospital

လိပ်စာ:No.291, Zhongzheng Rd., Zhonghe District, New Taipei City, 23561

ဌာနချုပ်ဖုန်း:+886-2-22490088

https://shh.tmu.edu.tw/indexEng.aspx

Hsin Kuo Min Hospital
Hsin Kuo Min Hospital

Hsin Kuo Min Hospital

လိပ်စာ:No. 152, Fuxing Rd., Zhongli Dist., Taoyuan City, 320

ဌာနချုပ်ဖုန်း:+886-3-4225180

http://www.skmh.com.tw

Taipei Cancer Center
Taipei Cancer Center

Taipei Cancer Center

လိပ်စာ:No. 252, Wuxing St, Xinyi District, Taipei City, 110

ဌာနချုပ်ဖုန်း:+886-2-66369060

https://www.cancertaipei.tw/?lang=en

Taipei Neuroscience Institute
Taipei Neuroscience Institute

Taipei Neuroscience Institute

လိပ်စာ:No.291, Zhongzheng Rd., Zhonghe District, New Taipei City, 23561

ဌာနချုပ်ဖုန်း:+886-2-22490088 Ext. 2291

https://www.taipeineuro.org.tw

置頂