အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း

ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း

這是一張圖

ကြည့်ရှုဖလှယ်လေ့လာခြင်းနှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း

ထိုင်ပေဆေးရုံပင်မအဖွဲ့အစည်းသည် ခိုင်မာသည့်ဆေးဘက်ဆိုင်ရာဌာနအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ သင်ကြားရေးနှင့် လက်တွေ့အရင်းအမြစ်များကိုပေါင်းစပ်ထားသည်။ နိုင်ငံတကာနှင့်သာမက တရုတ်နိုင်ငံပြည်မကြီး အစရှိသောနေရာများမှပညာရေးနှင့် ဆေးဘက်ဆိုင်ရာနည်းပညာဖလှယ်မှုများကို တိုးမြှင့်ခြင်း၊ ပြည်ပမှဆေးဘက်ဆိုင်ရာ၀န်ထမ်းများနှင့် အခြားဆေးရုံများမှလာရောက်သင်ယူသူများအတွက်အကောင်းဆုံးသောနေရာများ စီစဉ်ပေးခြင်း၊ ထိုင်ဝမ်၏အလွန်ကောင်းမွန်သောဆေးဘက်ဆိုင်ရာပညာရေးနှင့်နွေးထွေးပျုငှာသောဆက်ဆံရေးတို့ကိုပေးစွမ်းသည့်အပြင်နိုင်ငံတကာအဆင့်မှီကျွမ်းကျင်ဆေးပညာရှင်များအဖြစ်သို့မြှင့်တင်ပေးခြင်း၊လာရောက်သင်ကြားသူများအားထိုင်ပေဆေးပညာ၏တိုးတက်ခေတ်မှီသောနိုင်ငံတကာဆေးပညာအသိအမြင်ကိုပိုမိုမြင့်မားတိုးတက်စေနိုင်သည်။

လက်တွေ့ကုသရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းလာရောက်တက်ရောက်သော သင်တန်းသားများအတွက် ထိုင်ပေဆေးရုံပင်မအဖွဲ့စည်း၏ အားသာချက်များကိုပြသခြင်း၊ သင်ယူမှုကာလ အတွင်းဘဝရည်မှန်းချက်နှင့် ဆက်စပ်သောအခက်အခဲပြဿနာများအတွက် အကူအညီပေးခြင်း၊ သင်တန်းလာရောက်လေ့ကျင့်သောဝန်ထမ်းများအတွက် အသင့်တော်ဆုံးသောသင်တန်းများကိုပံ့ပိုးပေး ခြင်း၊လေ့ကျင့်သင်ကြားပေးခြင်း အစရှိသောသင်ခန်းစာများစွာကို ပူးတွဲတီထွင်ခဲ့သည်။ အကောင်းဆုံး လေ့ကျင့်သင်ကြားမှုအကျိုးကျေးဇူးများရရှိပြီး နိုင်ငံတကာသင်တန်းသားများကိုအားပေးခြင်း၊ သင်တန်းသားများမိမိတိုင်းပြည်နိုင်ငံသို့ပြန်ရောက်ပြီးနောက် သင်တန်းမှလေ့လာမှုရလဒ်များကိုမျှဝေ ခြင်းနှင့် အတူမိမိတိုင်းပြည်၏ ကျန်းမာရေးနှင့် ကျန်းမာရေးအခြေအနေများကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်ခြင်းတို့ကို ဦးဆောင်နိုင်သော မျိုးဆက်သစ်လူငယ်မောင်မယ်များ အဖြစ်သို့ ရောက်အောင် ပြုစုပျိုးထောင်ပေးသည်။

လာရောက်ကြည့်ရူဖလှယ်လေ့လာမှုများအပြင် ထိုင်ပေဆေးရုံပင်မအဖွဲ့စည်းသည် နှစ်တိုင်းနိုင်ငံတကာ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများကို သင်တန်းပေးခြင်းများ ကျင်းပပြုလုပ်ပေးသည်။ ဤသို့ကျင်းပပြုလုပ်ရာ တွင် သံတမန်ဆက်ဆံရေးရှိသောနိုင်ငံများ၊ ချစ်ကြည်ရေးရယူထားသောနိုင်ငံများ၏ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအပြင် အခြားလက်တွေ့ဆေးပညာဌာနအဖွဲ့အစည်းများ၊ နိုင်ငံတကာဆေးရုံဌာနများ အစရှိသော ဌာနများနှင့်ပူးပေါင်း၍ ဆေးပညာ၀န်ထမ်းများအတွက် လေ့ကျင့်ရေးအစီအစဉ်များကိုလည်းပြု လုပ်ပေးသည်။

這是一張圖

နိုင်ငံတကာလူနာလွှဲပြောင်းကုသမှု

ကျွန်တော်တို့စင်တာသည် ဆေးကုသမှုဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေး‌နွေးခြင်း၊ပရော်ဖက်ရှင်နယ်ကျကျအကြံဉာဏ်ပေးခြင်းနှင့် လူနာလွှဲပြောင်းဝန်ဆောင်မှုများကို တစ်ချိန်တည်းမှာပင် ကူညီဆောင်ရွက်ဝန်ဆောင်မှုပေးသည်။

這是一張圖

ထိုင်ပေဆေးရုံပင်မအဖွဲ့အစည်းကျွမ်းကျင်ဆရာဝန်

ထိုင်ပေဆေးရုံပင်မအဖွဲ့စည်းမှသမားတော်များသည် နယ်ပယ်အသီးသီးတွင် ကောင်းမွန်သောအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများစွာရှိသည်။ ဝက်ဘ်ဆိုက်တွင် အထူးကုဆရာဝန်များနှင့် သက်ဆိုင်သောသတင်းအချက်အလက်များကိုလာရောက်လေ့လာကြည့်ရှုနိုင်ပါသည်။ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်နှင့်ဆွေးနွေးတိုင်ပင်မှု ပုံစံဖိုင် တွင်သင်၏လိုအပ်ချက် နှင့်ဆွေးနွေးချက်အကြောင်းအရာများကိုဖြည့်စွက်ပေးပါရန်။ကျွန်ုပ်တို့စင်တာသည် သင်၏လိုအပ်ချက်ကို ညှိုနှိုင်းတိုင်ပင်ဆွေးနွေးခြင်းနှင့် ဆေးကုသရာတွင် လိုအပ်သောဌာနသို့လွှဲပြောင်းပေးခြင်း စသောဝန်ဆောင်မှုများပေးသည်။

ကြည့်ရှုဖလှယ်လေ့လာခြင်းနှင့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း

၁။ နိုင်ငံတကာအပြည်ပြည်ဆိုင်ရာကြည့်ရှုဖလှယ်လေ့လာခြင်း

ဆေးရုံစီမံအုပ်ချုပ်မှု၊ ထူးခြားသောစီမံခန့်ခွဲမှု၊ ကျန်းမာရေးမြှင့်တင်မှုနှင့်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု၊ ဆေးရုံမိတ်ဆက်ခြင်းအကြောင်းအရာများနှင့် စပ်လျဉ်း၍အထူးဆွေးနွေးဖလှယ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆေးရုံပတ်ဝန်းကျင်သို့ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပေးခြင်းအစရှိသော ဝန်ဆောင်မှုများကို ပြုလုပ်ပေးသည်။

  • ဉာဏ်ရည်တု Artificial Intelligence (AI) နည်းပညာဖြင့်ဆေးကုသခြင်း
  • အပြည်ပြည်ဆိုင်ရာဆေးဘက်ဆိုင်ရာ
  • လက်တွေ့လေ့ကျင့်သင်တန်း
  • ကူးစက်ရောဂါကာကွယ်တားဆီးရေး
  • ကျန်းမာရေးအာမခံ
  • အတွေ့အကြုံအကဲဖြတ်ခြင်း
  • ဆေးဘက်ဆိုင်ရာအရည်အသွေး
  • ကျန်းမာရေးမြှင့်တင်ရေး
  • ဆေးရုံစီမံခန့်ခွဲမှု
  • ဆေးဝါးဝယ်ယူစီမံခန့်ခွဲမှု
這是一張圖
這是一張圖
這是一張圖

၂။ဆေးဘက်ဆိုင်ရာဝန်ထမ်းများပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း

လေ့ကျင့်ရေးလိုအပ်ချက်နှင့်အညီ စိတ်ကြိုက်သင်တန်းများကို စီစဉ်ပေးခြင်း၊ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အကြီးတန်းကြီးကြပ်ရေးမှူးကိုယ်တိုင်လက်တွေ့လာရောက်လေ့ကျင့်သင်ကြားပေးခြင်း၊ လက်တွေ့ဆေးပညာကိုလက်တွေ့ကျကျသရုပ်ပြကွက်များ (သို့မဟုတ်)ဆေးရုံဆေးခန်းပုံစံကိုသရုပ်ပြခြင်းဖြင့် သင်ကြားပေးခြင်း အစရှိသောသင်တန်းများကို လိုအပ်သလိုဆောင်ရွက် ပေးသည်။

  • ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲဆေးရုံ
  • 【ဆေးရုံစီမံခန့်ခွဲမှုနှင့်ပတ်သက်သောအကြောင်းအရာများ】

    ၁။  ဆေးရုံစွမ်းဆောင်ရည်စီမံခန့်ခွဲမှု

    ၂။ ဆေးရုံအရည်အသွေးနှင့်လူနာလုံခြုံရေး

    ၃။ဘေးအန္တရာယ်စီမံခန့်ခွဲခြင်းနှင့်ဆေးဘက်ဆိုင်ရာ

    အငြင်းပွားမှုများကိုဖြေရှင်းပေးခြင်း

    ၄။ ဆေးဝါးသုံးစွဲခြင်းနှင့်စီမံခန့်ခွဲခြင်း

    ၅။ပြင်ပအရေးပေါ်လူနာဌာနနှင့်အတွင်းလူနာဝန်ဆောင်မှု

    ၆။ဆေးပညာနှင့်လူသားဆိုင်ရာဆက်နွယ်မှုနှင့် ကျင့်ဝတ်ပညာပေးခြင်း

    ၇။ဆေးရုံအတွင်းကူးစက်ရောဂါထိန်းချုပ်စီမံခန့်ခွဲမှု

    ၈။ဆေးရုံပစ္စည်းကိရိယာနှင့်သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု

    ၉။ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု

    ၁၀။ဆေးဘက်ဆိုင်ရာသတင်းအချက်အလက်စီမံ

    ခန့်ခွဲခြင်းနှင့်အသုံးပြုခြင်း

    ၁၁။ သင်တန်းသားများလေ့ကျင့်သင်ယူရန်ဌာန

  • ဝမ်ဖန်ဆေးရုံ
  • 【ဆေးရုံစီမံခန့်ခွဲမှုနှင့်ပတ်သက်သောအကြောင်းအရာများ】

    ၁။ဆေးရုံစီမံခန့်ခွဲခြင်း

    ၂။အရည်အသွေးစီမံခန့်ခွဲခြင်း

    ၃။ပြုစုစောင့်ရှောက်စီမံခန့်ခွဲခြင်း

    ၄။ ဆေးဘက်ဆိုင်ရာစနစ်နှင့်ဆေးရုံ၏အတွင်း

       ပိုင်းစီမံခန့်ခွဲမှု

    ၅။ အကဲဖြတ်အကြံပေးခြင်း

    ၆။ ITနည်းပညာဆေးဘက်ဆိုင်ရာ

    ၇။ လက်တွေ့နည်းပညာဖယ်လှယ်ခြင်း

    ၈။ ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲမှုအလေ့အကျင့်

  • စွမ်းဟော်ဆေးရုံ
  • 【ဆေးရုံစီမံခန့်ခွဲမှုနှင့်ပတ်သက်သောအကြောင်းအရာများ】

    ၁။ လူနာလုံခြုံမှု

    ၂။ဆေးဘက်ဆိုင်ရာအရည်အသွေး

    ၃။ဆေးရုံအတွင်းကူးစက်ရောဂါစီမံခန့်ခွဲမှု

    ၄။ ဆေးရုံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

    ၅။ သူနာပြုဝန်ထမ်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်

          စွမ်းဆောင်ရည်အကဲဖြတ်ခြင်း

    ၆။ ဆေးထိုးအပ်အသုံးပြုရာတွင်အသုံးပြုပြီးသားပြန်မ

     ထိုးမိအောင်ဆေးထိုးအပ်ကိုသိမ်းဆည်းခြင်းနည်းပညာ

    ၇။ TRM ဆေးဘက်ဆိုင်ရာအဖွဲ့

    ၈။ ရပ်ရွာကျန်းမာရေးဆေးဘက်ဆိုင်ရာလွှဲပြောင်းမှုစနစ်

    ၉။ JCI အကဲဖြတ်သင်တန်း

    ၁၀။ ဆေးရုံဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှု

    ၁၁။ ပြင်ပလူနာနှင့်အရေးပေါ်လုပ်ငန်းစဉ်စီမံခန့်ခွဲမှု

    ၁၂။နာတာရှည်လူနာတို့၊ နောက်ဆုံးအချိန် လူနာတို့အတွက် ပြုစုစောင့်ရှောက်ပေးရတဲ့ကုထုံးနှင့် ဝိညာဉ်ရေးရာစောင့်ရှောက်မှုကုထုံး

    ၁၃။သူနာပြု၊ဆေးဘက်ဆိုင်ရာဌာနလက်တွေ့ကိုယ်

          တွေ့လေ့ကျင့်သင်ကြားပေးခြင်း

    ၁၄။ ROSAစက်ရုပ်လက်တံလက်တွေ့သင်ကြားခြင်း

    ၁၅။ ExAblateအသံလှိုင်းစက် လက်တွေ့သင်ကြားခြင်း

  • ကုသရာထူးခြားသောဝိသေသလက္ခဏာများ : မှီငြမ်းမှုပြု၍ ဤဝက်ဘ်ဆိုက်ကိုကြည့်ပါ ကုသရာထူးခြားသောဝိသေသလက္ခဏာဝက်ဘ်စာမျက်နှာ
  • သင်တန်းတက်ရောက်နိုင်သူမျာ : ဆရာဝန်၊ သူနာပြုဝန်ထမ်းများ၊ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်ဝန်ထမ်းများ၊ဆေးဘက်ဆိုင်ရာအုပ်ချုပ်ရေးဝန်ထမ်းများ
  • သင်တန်းရက်စွဲအချိန်ဇယား : လိုအပ်ချက်ပေါ်မူတည်၍အချိန်ညှိနှိုင်းပေးသည်။

  • သင်တန်းပို့ချမည့်ပုံစံ : ကိုယ်တွေ့ (သို့) အွန်လိုင်းဖြင့်ပို့ချခြင်

  • အထက်ပါသင်တန်းအစီအစဉ်နှင့်သင်တန်းကြေး အခကြေးငွေကို သင်တန်းသားအမျိုးအစား၊ ရာထူးနှင့်လေ့ကျင့်မှုအတွေ့အကြုံပေါ် မူတည်၍

    ကောက်ခံသည်။

這是一張圖
這是一張圖
這是一張圖
置頂