အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း

ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း

ရက်ချိန်းလျှောက်လွှာ

這是一張圖

ကျွန်ုပ်တို့စင်တာသည်သင်၏လိုအပ်ချက်များနှင့်အညီထိုင်ပေဆေးရုံပင်မအဖွဲ့စည်းသို့ ဆေးကုသမှုဆိုင်ရာသင်တန်းများနှင့် အခြားဝန်ဆောင်မှုများဖြစ်သောကြည့်ရှုလေ့လာဖလှယ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်းများကို လူကြီးမင်းတို့အတွက် စိတ်ကြိုက်ဝန်ဆောင်မှုပေးကာ စီစဉ်ပေးသည်။
သင်၏လိုအပ်ချက်များကို ပရော်ဖက်ရှင်နယ်ဆွေးနွေးတိုင်ပင်ချိန်းဆိုမှုပုံစံဖိုင် တွင်ဖြည့်စွက်ရာ၌ ဖော်ပြရန်ကြိုဆိုပါသည်။ကျွန်ုပ်တို့၏စင်တာသည်သင်၏ ခန့်အပ်မှုလိုအပ်ချက်များကိုအတည်ပြုရန်နှင့် နောက်ဆက်တွဲအစီအစဉ်များပြုလုပ်ရန်ဆေးရုံဝန်ထမ်း တစ်ဦးကိုစီစဉ်ပေးပါမည်။

လျှောက်လွှာလုပ်ငန်းစဉ်

STEP 1

၁။လျှောက်လွှာတင်သွင်းခြင်း

  • 這是一張圖

    နိုင်ငံတကာအပြည်ပြည်ဆိုင်ရာကြည့်ရှုဖလှယ်လေ့လာခြင်းခရီးစဉ်

    လာရောက်သည့်နေ့မတိုင်မီတစ်လအလိုတွင်လျှောက်လွှာတင်ရန်

  • 這是一張圖

    ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း

    (၁) ကာလတိုသင်တန်းများအတွက် (သင်တန်းကာလကြာချိန်၂လကျော်) ၊ သင်တန်းစတင်ရက်မတိုင်မီ ၂ လအလိုတွင်လျှောက်ထားရန်
    (၂)ကာလရှည်သင်တန်းများအတွက် (သင်တန်းကာလကြာချိန် ၃ လအထက်)၊ သင်တန်းစတင်ရက်မတိုင်မီ ၄ လအလိုတွင်လျှောက်ထားရန်

ဥပမာ

အမျိုးအစား ဖလှယ်၊သင်တန်း ရက်စွဲ လျှောက်လွှာတင် ခြင်း
နိုင်ငံတကာအပြည်ပြည်ဆိုင်ရာကြည့်ရှုဖလှယ် လေ့လာခြင်းခရီးစဉ် ၁.၁၀.၂၀၂၀ မှ၇.၁၀.၂၀၂၀ အထိ ၁.၉.၂၀၂၀ မတိုင်မီ
ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း (ကာလတိုသင်တန်း) ၁.၁၀.၂၀၂၀ မှ၃၁.၁၀.၂၀၂၀ အထိ ၁.၈.၂၀၂၀ မတိုင်မီ
ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း (ကာလရှည်သင်တန်း) ၁.၁၀.၂၀၂၀ မှ၃၁.၁.၂၀၂၁ အထ ၁.၆.၂၀၂၀ မတိုင်မီ
STEP 2

၂။ရက်ချိန်းအတည်ပြုရန်

ကျွန်ုပ်တို့စီစဉ်မှုများသည် သင်၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန်ဆေးရုံဝန်ထမ်းသည် နောက်ထပ်တစ်ကြိမ်သက်ဆိုင်ရာသတင်းအချက်အလက်များကို အတည်ပြုပေးပါမည်။ လာရောက်ခြင်းရည်ရွယ်ချက်၊ အချိန်၊ လာရောက်သူစာရင်း၊ သင်တန်းအမျိုးအစား (သို့မဟုတ်) ဌာနများစသည်တို့ ပါဝင်သည်။ လိုအပ်ပါက အခြားသတင်းအချက်အလက်များကို ထပ်မံဖြည့်စွက်ရန် သင့်အားကျွန်ုပ်တို့တောင်းဆိုပါမည်။

STEP 3

၃။ခရီးစဉ်အစီအစဉ်နှင့်ကုန်ကျစရိတ်

သက်ဆိုင်ရာအကြောင်းအရာအတည်ပြုပြီးနောက် ဆေးရုံဝန်ထမ်းသည်လက်တွေ့ဆောင်ရွက်သော အဖွဲ့နှင့် ညှိနှိုင်းပြီးလေ့လာမှုသင်တန်းများနှင့် ဖလှယ်ရေး အစီအစဉ်များရေးဆွဲပါမည်။ ပြီးလျှင်ကုန်ကျစရိတ်ကိုအကြောင်းကြားပေးပြီး အခြားဝန်ဆောင်မှုများကို ဆက်လက်မလုပ်ဆောင်မီ ကြိုတင်ငွေသွင်းခြင်းနှင့် စီမံခန့်ခွဲမှု အသုံးစရိတ်အခကြေးငွေကို ကြိုတင်ပေးဆောင်ရပါမည်။

STEP 4

၄။ ကြိုတင်ငွေသွင်းခြင်းနှင့် စီမံခန့်ခွဲမှုအသုံးစရိတ်ကြိုတင်ပေးဆောင်ခြင်း၊တိုင်ပင်ဆွေးနွေးခြင်းနှင့် သင်တန်းများစတင်ခြင်း

ကြိုသွင်းငွေနှင့် စီမံခန့်ခွဲမှုအသုံးစရိတ် အခကြေးငွေလက်ခံရရှိပြီးနောက်သက်ဆိုင်ရာရုံးဌာနလုပ်ထုံးလုပ်နည်းများ လိုအပ်သည်ဆိုပါက(ဥပမာ -ထိုင်ဝမ်သို့ ၀င်ခွင့်ဗီဇာအတွက်လျှောက်လွှာ)သင့်အားဝန်ဆောင်မှုပေးသောဆေးရုံဝန်ထမ်းသည် သင့်အားကူညီပေးလိမ့်မည်။ထို့နောက်ဖလှယ်ရေးခရီးစဉ်အချိန်ဇယားရောက်လာရန်စောင့်ဆိုင်းပေးပါရန်။

STEP 5

၅။ အခြားလိုအပ်ချက်များသို့မဟုတ်ခရီးစဉ်အပြောင်းအလဲများ

အကယ်၍ တစ်စုံတစ်ခုလိုအပ်ချက်ရှိလျှင် သင့်အတွက်စီစဉ် ပေးထားသောဆေးရုံဝန်ထမ်းကို ပွင့်လင်းစွာလိုအပ်ချက်များကိုပြောပြနိုင်ပါသည်။ကျွန်ုပ်တို့စင်တာသည် သင်၏လိုအပ်ချက်များကိုအချိန်နှင့် တပြေးညီ စီစဉ်ပေးမည်ဖြစ်သည်။
အကယ်၍အကြောင်းတစ်စုံတစ်ခုကြောင့် ဆွဲထားသောအစီအစဉ်များဖျက်သိမ်းခြင်း (သို့မဟုတ်) လာမည့်ရက်ကိုနောက်ဆုတ်ခြင်းများကို သင်တန်းစမည့်ရက်မတိုင်ခင် ၇ ရက်အလိုတွင် ကျွန်ပ်တို့ဌာနကိုကြိုတင်အကြောင်းကြားပေးပါရန်နှင့်ခရီးစဉ်ပြောင်းလဲခြင်းကို တစ်ကြိမ်ပြုလုပ်ခွင့်ရှိပါသည်။

※မှတ်ချက် - အသေးစိတ်အချက်အလက်များ (ကြိုတင်ငွေသွင်းခြင်း၊ စီမံခန့်ခွဲမှုအသုံးစရိတ်နှင့်လက်ကျန်ငွေပေးချေခြင်း၊ ငွေပြန်အမ်းခြင်းအစရှိသည်) စသည်ဖြင့် သင့်အတွက်ဝန်ဆောင်မှုပေးနေသော ဆေးရုံဝန်ထမ်း၏ ညွှန်ကြားချက်များကို လိုက်နာပါ။

置頂