အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ခရီးသွားလည်ပတ်ရန် သတင်းအချက်အလက်

ခရီးသွားလည်ပတ်ရန် သတင်းအချက်အလက်

這是一張圖

ထိုင်ဝမ်မြောက်ဘက်ပိုင်းတွင် အထင်ကရလည်ပတ်စရာနှင့် သွားရောက်လည်ပတ်ရန် သင့်တော် သောနေရာများ အလွန်များပြားသည်။ သင်ဤဆေးကုစင်တာတွင် ဆေးကုသခံယူနေချိန်အတွင်း သင်အပါအဝင် သင့်မိသားစုမိတ်ဆွေများနှင့်အတူခရီးသွားလည်ပတ်လိုလျှင် ကျွန်ပ်တို့စင်တာမှ လိုအပ်သော သယ်ယူပို့ဆောင်ရေး၊ နေရာထိုင်ခင်းအစရှိသော သတင်းအချက်အလက်များကို ပေးနိုင်သည်။ ခရီးသွားလာရာတွင် ကြိုတင်ဘိုကင်တင်ခြင်းများကို စင်တာရှိဝန်ထမ်းများက လူကြီးမင်းအတွက်စိတ်ကြိုက်ဆောင်ရွက်ပေးမည်။

အထင်ကရနာမည်ကြီးသောလည်ပတ်နေရာ

ရမ်းမင်းရှမ်းတောင်အမျိုးသားဥယျဉ်

ရမ်းမင်းရှမ်းတောင်အမျိုးသားဥယျဉ်သည် ထိုင်ပေမြို့နှင့်အနီးဆုံးတွင်တည်ရှိပြီး တိတ်ဆိတ်သော ပတ်ဝန်းကျင်ရှိသည့် သက်တောင့်သက်သာရှိသောဥယျာဉ်တစ်ခုဖြစ်သည်။ ဤပန်းခြံအတွင်းအပန်းဖြေရာတွင် စိမ်းစိုလတ်ဆတ်သော သဘာဝရှုခင်းများကို ခံစားနိုင်ရုံတင်မက နာမည်ကြီးပန်းနာရီစင်သည်လည်း ကမ္ဘာလှည့်ခရီးသည်များစွာကို ဆွဲဆောင်ထားသောနေရာတစ်ခုဖြစ်သည်။ ရမ်းမင်းရှမ်းတောင်သည် ရာသီဥတုအလိုက် တစ်နှစ်ပတ်လုံး လည်ပတ်၍ကောင်းသောနေရာ ဖြစ်သည်။ တောင်ပေါ်တွင်ထိုင်ပေ၏ ညရှုခင်းကို ခံစားကြည့်ရှုရန် နေရာအများအပြားရှိရုံသာမက သမီးရည်စားချိန်းဆိုမှုများအတွက် ရင်ခုန်စရာကောင်းသော နေရာလေးတစ်ခုလည်းဖြစ်ပါသည်။

Photo by
Paul Chan

လုံစမ်းဘုရားကျောင်း

လုံစမ်းဘုရားကျောင်းသည်ထိုင်ပေမြို့၏အနှစ်သာရကိုဖော်ပြနိုင်သောဝမ်းဝှါနယ်တွင်တည်ရှိသည်။ အမျိုးသားရေးအထိမ်းအမှတ်အဆောက်အဦးအဖြစ်သတ်မှတ်ထားသောဘုရားကျောင်းဖြစ်သည်။ အမျိုးမျိုးသောပွဲလမ်းသဘင်များနှင့် ပွဲတော်များကိုနှစ်စဉ်ပုံမှန်ကျင်းပလေ့ရှိပြီး သင်သွားသည့်အခါတိုင်း ပွဲလမ်းသဘင်အငွေ့အသက်ခံစားမှုကို ပေးစွမ်းနိုင်သည်။ ထိုင်၀မ်ဘုရားကျောင်းများ၏ ထူးခြားသော ဗိသုကာအနုပညာများကို လေ့လာကြည့်ရှုနိုင်ရုံသာမက အနီးဝန်းကျင်ရှိညစျေးတန်းတွင်လည်း ဒေသခံအစားအစာများကိုစားသုံးနိုင်သည်။ ကမ္ဘာတစ်ဝှမ်းမှခရီးသည်များလည်ပတ်ရန် ကြိုက်နှစ်သက်သောနေရာတစ်ခုဖြစ်သည်။

Photo by
Joe Wu

မှောင်ခုံးကြိုးဆွဲယာဉ်

မှောင်ခုံးကြိုးဆွဲယာဉ်သည်ထိုင်ပေနယ်ပြည်သူပိုင်တိရိစ္ဆာန်ဥယျာဉ်မှ စတင်ထွက်ခွာပြီး၊ တိရိစ္ဆာန်ဥယျာဉ်ဂိတ်၊ တိရိစ္ဆာန်ဥယျာဉ်အတွင်းဂိတ်၊ ကျီးနံ့ကုန်းဂိတ်၊ မှောင်ခုံးဂိတ်၄ဂိတ်ရှိသည်။ အသွားတစ်ကြောင်းတည်းစီးရာတွင်ပင် မိနစ်၂၀ခန့်ကြာသည်။ သင်ဒီနေရာကိုရောက်သောအခါ သင့်ရဲ့တစ်နေ့တာခရီးစဉ်ကို ဤနေရာတွင်လည်ပါတ်ရန်စီစဉ်သင့်သည်။ နေ့အခါတွင်တိရိစ္ဆာန်ရုံသို့လည်ပါတ်ခြင်းနှင့် ကြည့်ရှုလေ့လာခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။ ညအချိန်ခါတွင် သင်သည်မှောင်ခုံးကြိုးဆွဲယာဉ်ပေါ်တွင်ထိုင်ပြီး ထိုင်ပေ၏ နိုင်ငံကျော် လက်ဖက်ရည်ကိုသောက်ရင်း ထိုင်ပေမြစ်ဝှမ်း၏လှပသောရှုခင်းများကိုခံစားပြီး ထိုင်ပေဒေသခံလူမျိုးတွေရဲ့ ပျော်ရွှင်လွတ်လပ်စွာနေထိုင်မှုကို ကိုယ်တိုင်ခံစားကြည့်နိုင်သည်။

Photo by
Kelvin Lin

ဟုန်လုတည့်နန်ရှမ်းဖူတဲ့ဘုရားကျောင်း

ဟုန်လုတည့်ဒေသသည် ထိုင်ပေနှင့်ကပ်လျက်ကျုံးဟဲနယ်ပယ်တွင်တည်ရှိသည်။ ၂မီတာအမြင့်‌ရှိသော ဖူတဲ့နတ်ရုပ်ရှိခြင်းကြောင့် ထိုင်ဝမ်၏မှတ်တိုင်တစ်ခုဖြစ်လာသည်။ ထိုင်ဝမ်‌ဒေသခံများအတွက် ဆုမွန်ကောင်းတောင်းရန်အကောင်းဆုံးသောနေရာတစ်ခု ဖြစ်သည်။ ဤနေရာသို့လာရောက်လျှင် ယုံကြည်ကိုးကွယ်သူများ၏ ခြေရာနောက်ကိုလိုက်၍ ရှေးတရုတ်အသုံးပြု ငွေတုံးရုပ်တုကို ကိုင်တွယ်ပြီး စီပွားလဘ်လာဘတိုးပွားအောင် လိုရာဆုမွန်ကိုတောင်းဆိုနိုင်ပါသည်။ ထို့အပြင် ညတွင် မီးဟုန်လုတည့်ပေါ်သို့တက်သောအခါ ထိုင်ပေမြို့၏လှပသောညမြင်ကွင်းကို ကြည့်ရှုခံစားနိုင်သည်။

置頂