အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ခရီးသွားလည်ပတ်ရန် သတင်းအချက်အလက်
ပါရဂူ
張宜菁, ဒေါက်တာ ကျန်းရိကျင်း

Taipei Medical University Hospital

張宜菁, ဒေါက်တာ ကျန်းရိကျင်းI-Jing Chang


လက်ရှိရာထူးအလုပ်အကိုင်

ရုပ်အလှပြုပြင်ခြင်းဆေးပညာဌာနမှူး

ကျွမ်းကျင်မှု

အထွေထွေအရေပြားရောဂါ:
ဝက်ခြံ၊ Seborrheic အရေပြားရောင်ရမ်းခြင်းနှင့် အရာဝတ္ထုတို့ဖြင့်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော အရေပြားရောင်ရမ်းနာ၊ မျက်နှာ(သို့မဟုတ်) နှာခေါင်းရှိအရေပြားနီခြင်း၊ ပွေး၊ ဝဲခြောက်၊ (Atopic) ဓာတ်မတည့်၍ အရေပြားရောင်ရမ်းခြင်း၊ အင်ပျဉ်ကွက်ထခြင်း၊ ယားယံခြင်း၊ အနာရင်းခြင်းနှင့်ရောင်ရမ်းခြင်း၊ အကျိတ်ဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေကြားဝဲစားခြင်း၊ ကြွက်နို့ဗိုင်းရပ်စ် ၊ ရေကျောက်၊ ကျောက်ဖြူရောဂါ၊ ခူနာ အစရှိသောရောဂါများ။

ရုပ်အလှပြင်ဆင်ခြင်းဆေးပညာ:
မျက်နှာအသွင်အပြင်လှပအောင်ပြုပြင်ပေးခြင်း (Botox နှင့် Fillers)
"ပင်ကိုသဘာဝအလှအတိုင်း တထပ်တည်းကျအောင် အသေးစားမျက်နှာပြုပြင်ခွဲစိတ်ကုသပေးခြင်း" ဥရောပနှင့် အမေရိက မူရင်းစက်ရုံထုတ် ဘိုတောက်စ်၊ ဟိုင်ရာလူရိုးနစ်အက်ဆစ် (Botox, Hyaluronic Acid) နှင့် (Microcrystalline) မိုက်ခရိုလ်ခရစ်စတယ်လိုင်း ကြွေများကိုသာ အသုံးပြုပြီး နှာခေါင်းဘေးနှစ်ဖက်ရှိ အရေးအကြောင်းများ၊ မျက်စိထောင့်နှင့် နားထင်ကြားရှိ အရေးအကြောင်းများ၊ နဖူးပေါ်ရှိအရေးအကြောင်းများ၊ နှုတ်ခမ်းထောင့်နှင့်နှုတ်ခမ်း၀န်းကျင်ရှိ အရေးအကြောင်းများ၊ မျက်ခုံးနှစ်ခုကြားရှိအရေးအကြောင်းများ၊ နှာခေါင်းနှင့်မျက်လုံးကြားရှိအရေးအကြောင်းများကို ခေတ်မှီနည်းပညာအသုံးပြု၍ ဖယ်ရှားပေးသည်။ ချောင်ကျနေသောပါးပြင်ကို နုပျိုပြည့်ဖောင်းလာအောင်ပြုပြင်ပေးခြင်း၊ ခြောက်သွေ့ပါးလွှာသောနှုတ်ခမ်းကို စိုပြည်လှပပြည့်ဖောင်းလာအောင်ပြုပြင်ပေးခြင်း၊ ချိုင့်၀င်နေသာမေးစေ့ကို ကြည့်ကောင်းလာအောင်ပြုပြင်ပေးခြင်း၊ တွဲကျနေသောမျက်ခုံးနှစ်ဖက်ကို ညီညာလှပနုပျိုလာအောင်ပြုပြင်ပေးခြင်း၊ ပါးစောင်နှင့်ပါးပြင်ပြုပြင်ပေးခြင်း၊ မျက်နှာပုံပန်းသဏ္ဍန်ကိုပုံကျလှပအောင်ပြုပြင်ပေးခြင်း၊ ကြည့်ရဆိုး၍ ဖောင်းကားနေသောမျက်နှာကို သွယ်လျကြည့်ကောင်းအောင်ပြုပြင်ပေးခြင်း အစရှိသော၀န်ဆောင်မှုများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါသည်။

လေဆာဖြင့်အလှပြင်ဆင်ခြင်း
ဟားဗတ်အလင်းဗေဒလွင့်ပျံတလိမ့်တုံးကွင်းလေဆာ(FRAXEL)၊ ပီဂိုစက္ကန့်ပိုင်းလေဆာ၊ NORDLYS မှော်Aurora
( Pulsed အလင်း)၊ ဝက်ခြံအမာရွတ်ဖယ်ရှားခြင်း၊ ချွေးပေါက်ချုံ့ခြင်း၊ မှဲ့ဖျက်ခြင်း၊ မွေးရာပါအမှတ်ဖျက်ခြင်း၊ လေဆာဖြင့်အမွှေးအမျှင်ရိတ်ခြင်း၊ တင်းတိပ်၊ မှဲ့၊ အစက်အပြောက်များနှင့် မွေးရာပါအမှတ်များဖျက်ခြင်း၊ (ပါးရိုးပေါ်ရှိတင်းတိတ်အမည်းကွက်၊ မျက်နှာပေါ်ရှိအညိုရောင်အစက်အပြောက်၊ မျက်နှာတွင်ပေါ်ပေါက်လာတတ်သော အစက်အပြောက်ယင်ချေးဥ၊ နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်သောအစက်အပြောက်၊ အသက်အရွ‌ယ်ကြောင့်ဖြစ်ပေါ်သော အစက်အပြောက်)

အမေရိကန်မူရင်းစက် Ultherapy ကုထုံး ဖြင့် မျက်နှာအရေပြားကိုတင်းရင်းနုပျိုအောင်ဆွဲတင်ခြင်း၊ CoolSculpting ကုထုံးဖြင့် အဆီပိုများကိုအေးခဲစေပြီးအဆီ ဆဲလ်များကိုဖျက်ဆီးပြစ်ခြင်းဖြင့် အဆီချခြင်း၊ Ultrashape ကုထုံးဖြင့် ဝမ်းဗိုက်အနီးတဝိုက်ရှိအဆီ၊ ခါးအဆီ၊ ပေါင်အတွင်းပိုင်းအဆီ၊ ဘီယာဗိုက်နှင့် လက်မောင်းအဆီစသော အဆီဆဲလ်များကိုချေဖျက်ခြင်း၊ ရေဒီယိုလှိုင်းဖြင့်အရေပြားကိုတင်းရင်းနုပျိုအောင်ဆွဲတင်ခြင်း၊ အသားအရည်ကိုဖြူဝင်းအောင်ပြုပြင်ထိန်းသိမ်းခြင်း၊ မျက်နှာရှိအကြောအမြှင်များနီမြန်းခြင်းကိုဖယ်ရှားပေးခြင်း၊ ချိုင်းကြားနှင့်လက်မတွင်ချွေးထွက်လွန်ခြင်း။

အတွေ့အကြုံ

အမေရိကန်ဟားဗတ်ဆေးကျောင်း(Harvard Medical School)အရေပြားဌာနနှင့် လေဆာအလှအပစင်တာမှသုတေသီအဖွဲ့
အမေရိကန်နယူးယောက်တက္ကသိုလ်(NYU)အရေပြားဌာနနှင့် လေဆာအလှအပစင်တာမှသုတေသီအဖွဲ့
အမေရိကန်အရေပြားခွဲစိတ်ကုသမှုဆေးဘက်ဆိုင်ရာအသင်း(American Society for Dermatologic Surgery)ခွဲစိတ်ရာအသေးဆုံးဖြင့် အလှအပကိုဆေးထိုးပြုပြင်ခြင်းသင်တန်း
အမေရိကန်အရေပြားခွဲစိတ်ကုသမှုဆေးဘက်ဆိုင်ရာအဖွဲ့ဝင်(American Academy of Dermatology)
အမေရိကန်ဟားဗတ်တက္ကသိုလ်(Harvard University)လေဆာကုထုံးဘေးကင်း လုံခြုံရေးသင်တန်းဆင်းလက်မှတ်

置頂