အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

သွေးမတိတ်ရောဂါ

ထိုင်ပေဆေးတက္ကသိုလ်လက်အောက်ခံဆေးရုံရှိသွေးမတိတ်ရောဂါကုသဌာနကို သြဂုတ်လ၊ ၂၀၀၇ခုနှစ်တွင်တည်ထောင်ခဲ့သည်။

သွေးထွက်ချိန်တွင်သွေးမခဲ၍သွေးမတိတ်နိုင်သောရောဂါ  (သွေးမတိတ်ရောဂါနှင့် pseudohemophilia parahemophilia) ရောဂါကိုစစ်ဆေးခြင်း ကုသခြင်းနှင့် အတူသွေးမတိတ်ရောဂါလူနာကိုအကောင်းဆုံးသောကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကိုပြုလုပ်ပေးသည်။ တပြိုင်တည်းတွင်အကောင်းဆုံးသောခိုင်မာသောဘက်စုံကျန်းမာရေးစောင့်

ရှောက်မှု(Comprehensive Care)အဖွဲ့ကိုဖွဲ့စည်းထားသည်။ ၎င်းအဖွဲ့စည်းတွင်သွေးဌာန၊ အရိုးဌာန၊ ရောဂါပြန်လည်ထူထောင်ရေးဌာန၊ ရူပဗေဒကုသနည်းဌာနနှင့် သွားဘက်ဆိုင်ရာဌာနအစရှိသောဌာနများကို ပူးပေါင်းဖွဲ့စည်းထားသည့်အပြင် သွေးမတိတ်ရောဂါလူနာကို အထူးကုသစောင့်ရှောက်မှုကိုပြုလုပ်ပေးသည်။ ဆေးကုဌာနတွင်သက်သောင့်သက်သာရှိပြီး အဆင်ပြေသောဆေးကုသမှု

ပတ်၀န်းကျင်ရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာသွေးမတိတ်ဆေးကုသမှုအဖွဲ့နှင့်လည်းချိတ်ဆက်ထားသည်။ သွေးမတိတ်ဆေးကုဌာနသည်ရောဂါရှာဖွေပေးခြင်း၊ ရောဂါအခြေအနေစိစစ်ပေးခြင်း၊ ကုသပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များကို ပူးပေါင်းပြီး ဌာနများအကြားညှိနှိုင်းစောင့်ရှောက်မှုများနှင့်အတူ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုများကိုပြုလုပ်ပေးသည်။

ပါရဂူ

Taipei Medical University Hospital

張家堯,ဒေါက်တာ ကျန်းကျားရောင် Chia-Yau Chang

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ကျွန်ုပ်တို့ဌာနတွင်သက်သောင့်သက်သာနှင့်အဆင်ပြေသောဆေးကုသမှုပတ်၀န်းကျင်ရှိပြီးကျန်းမာရေးနှင့်ညီညွတ်သောအသိပညာကိုလည်းအလေးထားဖော်ပြပါပေးသည်။ အိမ်တွင်းကုထုံးပြုလုပ်ပေးခြင်း(home therapy)၊ လူနာနှင့်အတူကြိုတင်ကာကွယ်မှုကိုပြုလုပ်ပေးခြင်း(prophylaxis therapy)လူနာများ၏ကျန်းမာရေးစောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုနှင့် လူနာနေထိုင်မှုအရည်အသွေးမြှင့်တင်ပေးခြင်းများကိုအထူးပြုလုပ်ပေးသည်။
ကျန်းမာရေးဝန်ဆောင်မှု
၁။သွေးထွက်လျှင်သွေးမခဲနိုင်သောရောဂါ (သွေးမတိတ်ရောဂါ) ကိုစစ်ဆေးကုသပေးခြင်း၊ ရောဂါအတွက် ဆွေးနွေးတိုင်ပင်မှုများပေးခြင်းနှင့် မျိုးရိုးဗီဇရောဂါများကိုပါ အကြံပေးခြင်းများ ပြုလုပ်ပေးသည်။
၂။ သွေးမတိတ်ရောဂါကိုဆေးထိုး၍ကုသခြင်း (ချက်ချင်းလက်ငင်းကုသမှုနှင့်ကြိုတင်ကာကွယ်ရေးကုသမှု) အိမ်တွင်းကုထုံးပြုလုပ်ခြင်းနှင့် အိမ်တွင်းမိမိကိုယ်တိုင် ဆေးထိုးဖို့ရာကိုလေ့ကျင့်သင်ကြားပေးခြင်း။
၃။သွေးမတိတ်ရောဂါကိုဆေးဘက်ဆိုင်ရာစစ်ဆေးခြင်း-သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဝမ်းဗိုက်အား အာထရာစောင်းရိုက်ခြင်း၊

အဆစ်များကိုဓါတ်မှန်ရိုက်ခြင်းနှင့် MRIစစ်ဆေးခြင်း......အစရှိသော။
၄။ဥရောပမှာနောက်ဆုံးပေါ် HJHS(Hemophilia Joint health scoring) နည်းပညာဖြင့် အဆစ်များကို စစ်ဆေးသုံးသပ်ပေးခြင်း။
၅။သွေးမတိတ်လူနာ၏အဆစ်များရောဂါဗေဒပြောင်းလဲမှုကုသခြင်း-အဆစ်ကြားရှိ synovial Bursa (အရိုးများကြားပွတ်တိုက်မှုကိုလျော့ချရန်အမြှေးပါးဖြင့် ပေါင်းစပ်ထားသော သေးငယ်သောအိတ်ငယ်တစ်ခု)ကို အတွင်းကြည့်မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်ဒဏ်ရာအနည်းဆုံးဖြင့် synovial Bursa (အရိုးများကြားပွတ်တိုက်မှုကိုလျော့ချရန်အမြှေးပါးဖြင့် ပေါင်းစပ်ထားသောသေးငယ်အိတ်ငယ်တစ်ခု ) ကိုခွဲထုတ်ကုသခြင်း၊  အဆစ်ကို  Hyaluronic အက်ဆစ်ဖြင့် ဆေးထိုးကုသခြင်း(ကျန်းမာရေးအာမခံကန့်သတ်မှုအရ)၊ အဆစ်အစားထိုးကုသခြင်း ... အစရှိသောရောဂါများ။
၆။ သွေးမတိတ်ရောဂါ နှင့် pseudohemophilia parahemophilia ရောဂါကို မျိုးရိုးဗီဇစစ်ဆေးခြင်း၊ မျိုးရိုးဗီဇရောဂါနှင့်ပါတ်သတ်၍အကြံပေးခြင်း၊ မျိုးရိုးဗီဇရောဂါများကူးစက်မှုကိုကာကွယ်တားဆီးဖို့ သန္ဓေသားတွင်ရောဂါကူးစက်မှုရှိ မရှိစစ်ဆေးခြင်း PGD ​​(မီးယပ်နှင့်သားဖွား) ။
၇။ အသည်းရောင်အသားဝါရောဂါ (စီပိုး) ကုသခြင်း၊ ကူးစက်ရောဂါHIVကုသခြင်း (ကူးစက်ရောဂါဌာန) ။
置頂