အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

ခွဲစိတ်ရာအသေးဆုံးဖြင့်ရင်ခေါင်းခွဲစိတ်ကုသခြင်း

ကျန်းမာသက်သာချောင်းချိရေးဌာန၊ စွမ်းဟော်ဆေးရုံရင်ခေါင်းခွဲစိတ်ကုသဌာနကို ဇူလိုင်လ ၂၀၀၈ ခုနှစ်တွင် စွမ်းဟော်ဆေးရုံ

ကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်။အစောပိုင်းတွင် ထိုင်ပေမြို့နယ်ပြည်သူပိုင်ဝမ်ဖန်ဆေးရုံဝမ်ခုန်မင်ဆရာဝန်နှင့်

ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲဆေးရုံ၏လျန်ရွင်ချမ်းဌာနမှူးတို့ နှစ်ဦးအတူပူးပေါင်းကုသသည်။ ဇူလိုင်လ ၂၀၀၉ ခုနှစ် တွင်ကျန်းထုံယုန်းဆရာဝန် သည်၎င်းအဖွဲ့ဝင်အတွင်းသို့ပါဝင်လာပြီး၊ ဖေဖော်ဝါရီလ ၂၀၁၀ ခုနှစ်တွင်း ဝမ်လျရွှန်  ဒုဆေးရုံအုပ်နှင့် ဇွန်လတွင် ကောကွမ်းထိုက် ဌာနမှူးတို့သည် အထက်ပါ အဖွဲ့တွင်းသို့ ထပ်မံ ပါဝင်လာသည်။ ထိုပြင်ဆရာဝန်သွမ့်ချီဝေသည် ၂၀၁၅ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ထိုဌာနတွင် အမှုထမ်းဆောင်ခဲ့သည်။ ကျွန်ုပ်တို့ဌာနသည် ၂၀၁၀ခုနှစ်တွင်  ရင်ခေါင်းလေ့ကျင့်ရေးစင်တာမှအကဲဖြတ်အသိမှတ်ပြုခြင်းခံရသည်။

အထူးကုဆရာဝန်နှစ်ဦးကိုနှစ်စဉ်လေ့ကျင့်သင်ကြားပေးသည်။ဌာနတွင် ဌာနမှူးတစ်ဦး၊အချိန်ပြည့်ဆရာဝန်၂ဦး၊ အထူးသူနာပြု ၂ ဦးနှင့် အတွင်းရေးမှူး ၁ဦးကိုခန့် ထားသည်။ ဆေးတက္ကသိုလ်တွင်စာသင်ကြားနေခြင်းနှင့်တက်သစ်စဆရာဝန်များကို လက်တွဲခေါ်ပေးသောဆရာဝန်မှာ ပါ မောက္ခ ၁ ဦးနှင့် လက်ထောက်ပါမောက္ခ ၂ဦးတို့ဖြစ်သည်။ဤဌာနတွင် ဝန်ဆောင်မှုနှင့်

သုတေသနနှစ်ခုလုံးကို အလေးထားသည်။ နှစ်စဉ် SCI ဂျာနယ် တွင် စာတမ်းများ ဖော်ပြခြင်းခံရသည်။သုတေသန

စီမံကိန်းများပါသိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနမှ ထောက်ပံ့မှုများကိုထပ်ခါတလဲလဲရရှိခဲ့သည်။

ပါရဂူ

Shuang Ho Hospital

郭光泰, ဒေါက်တာ ကောကွမ်းထိုက် Kuang-Tai Kuo

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

張統優, ဒေါက်တာ ကျန်းထုံယုန်း Tung-Yu, Tiong

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ဆေးဘက်ဆိုင်ရာကုသမှုထူးခြားချက်မှာ-ကျွန်ုပ်တို့ဌာနတွင်အောက်ပါဝန်ဆောင်မှုများကိုဝန်ဆောင်မှုပေးသည်။
၁။အဆုတ်ပိုင်းဆိုင်ရာရောဂါများ-အဆုတ်ကင်ဆာ၊အဆုတ်တွင်ကင်ဆာမဟုတ်သောသာမာန်အကျိတ်၊ ရှာဖွေတွေ့ရှိရန်

ခက်ခဲသောရောဂါ၊ ဘေးထိုးရင်ကျပ်ရောဂါ၊ ရင်တွင်းခေါင်းပြည်တည်ခြင်း၊ နာတာရှည်ရင်တွင်းမြှေးယိုရည်များရှိခြင်း။
၂။ အစာပြွန်ဆိုင်ရာရောဂါများ-အစာပြွန်ကင်ဆာ၊အစာပြွန်တွင်ကင်ဆာမဟုတ်သောသာမာန်အကျိတ်၊အစာမျိုပြွန်

အိတ်ဖြစ်ပေါ်နေခြင်း၊ အစာမျိုပြွန်ကျဥ်းမြောင်းခြင်း၊ အစာမျိုပြွန်ဒဏ်ရာရခြင်းနှင့်အခြားသောဒဏ်ရာများ
၃။ mediastinum နှင့်ပတ်သက်သောအပိုင်း-သိုင်းမတ်ဂလင်းတွင်ရှိသောအကျိတ်နှင့်ကင်ဆာအကျိတ်၊Myasthenia Gravis (နာတာရှည်အာရုံကြောနှင့်ဆိုင်သောရောဂါများ၊ကြွက်သားများကိုအားနည်းစေနိုင်သည်။၎င်းရောဂါသည်မျိုချခြင်းနှင့်ဆက်စပ်နေရာ နား၊မျက်စိ၊ မျက်နှာ နှင့် ကြွက်သားများ အပေါ်တွင် ဖြစ်တက်သော မျက်ခွံကြွက်သား အလိုလျောက်တွဲလျားကျခြင်း)

အစရှိသောရောဂါများ
၄။ရင်ဘတ်နှင့်ဆိုင်သော‌ရောဂါများ- ကတော့ရင်ဘတ်မွေးရာပါပုံပျက်ခြင်း၊ကတော့ရင်ဘတ်တွင်သာမန်အကျိတ်နှင့်ကင်ဆာ

အကျိတ်အစရှိသောရောဂါများ။
အမျိုးမျိုးသောရင်ခေါင်းခွဲစိတ်ရာအသေးဆုံးဖြင့် ခွဲစိတ်ကုသမှုသည်အောက်ပါရောဂါများကိုကုသနိုင်သည်
၁။ Single Hole ရင်ခေါင်းမှန်‌ပြောင်းခွဲစိတ်ကုသခြင်း၊ ၎င်းသည်အထက်ပါရိုးရှင်းသောရောဂါများကိုကုသနိုင်သည်။
၂။ Da Vinci (စက်ရုပ်လက်တံ)ခွဲစိတ်ကုသခြင်း၊ အဓိကအားဖြင့်အဆုတ်ကင်ဆာရောဂါ၊အစာပြွန်ကင်ဆာနှင့်

သိုင်းရိုက်ဂလင်းရောဂါများကို ကုသရန်အသုံးပြုသည်။
၃။ နံရိုးကျိုးခြင်းကိုခွဲစိတ်ကုသရာအသေးဆုံးဖြင့်ခွဲစိတ်ကုသခြင်း
၄။ အမျိုးမျိုးသောလေပြွန်ခွဲစိတ်မှု၊လေပြွန်ကင်ဆာအကျိတ်နှင့်လေပြွန်ကျဥ်းမြောင်းခြင်းအစရှိသောရောဂါများ။
置頂