အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

ရေဒီယိုလှိုင်းဖြင့် အသည်းကင်ဆာကုသခြင်း ( RFA)

ယခင်ရှေးရိုးနည်းဖြင့်အသည်းကင်ဆာအကျိတ်ကိုကုသရာတွင် ခွဲစိတ်ခြင်းဖြင့်သာ အဓိကကုသသည်။ အသေးစားခွဲစိတ်ကုသခြင်းသည် ခွဲစိတ်ဒဏ်ရာသေးငယ်ခြင်း၊ အနာကျက်မြန်ခြင်းကြောင့် ယခုနှစ်များတွင် အသေးစားခွဲစိတ်ကုသမှုကို ပိုမိုကျယ်ပြန့်စွာအသုံးပြုလာကြသည်။ ယခင်နည်းအတိုင်း အပ်တစ်ချောင်းဖြင့် ကင်ဆာအကြိတ်ကို ထိုးသွင်း၍ ပုံမှန်ကြိမ်နှုန်းအတိုင်း အပူပေးခြင်းနည်းလမ်း (Traditional RFA) ကိုအသုံးမပြုဘဲ ရေဒီယိုလှိုင်းဖြင့် အသည်းကင်ဆာကြိတ်ကုသခြင်း (အပ်အများအပြားဖြင့်တပြိုင်တည်းထိုးဝင်ပြီးအပူပေးကုသမှု) သည် အကျိုးသက်ရောက်မှု ရှိရုံသာမက ကင်ဆာကြိတ်ကို လုံးဝဖယ်ရှားနိုင်ရန် အခွင့်အလမ်းများသည်။

ပါရဂူ

Taipei Municipal Wanfang Hospital

吳明順,ဒေါက်တာ ဝူမင်းရွှမ့် Ming-Shun Wu

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Taipei Municipal Wanfang Hospital

鄭勝偉,ဒေါက်တာ ကျန့်ရှမ့်ဝိမ် Sheng-Wei Cheng

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ရေဒီယိုလှိုင်းဖြင့် အသည်းကင်ဆာကုသခြင်းသည် ခွဲစိတ်ကုသရန်အခက်အခဲရှိသူများ၊ ကင်ဆာကြိတ် ၄စင်တီမီတာ ထက်သေးနေ၍ ကုသရန်ခက်ခဲနေသော လူနာများတွင် ထိရောက်သောကုသမှုကို ပေးနိုင်မည်ဖြစ်သည်။ အသည်းကင်ဆာကြိတ်အသေးများအား ကုသရာတွင် အောင်မြင်နိုင်ခြေ ၈၅% အထိမြင့်မားသည်။ လျှပ်ကူးပစ္စည်း ၆ ခုအထိအသုံးပြုထားပြီး  ၉ စင်တီမီတာအထိရှိသောအကျိတ်များကိုကုသနိုင်သည်။ အတွေ့အကြုံရှိသော ခွဲစိတ်ဆရာဝန်များမှ လူနာပေါင်း ၁၀၀၀ ကျော်ကုသနိုင်ခဲ့သည်။
သေးငယ်သောအကျိတ်များကို ရေဒီယိုလှိုင်းဖြင့်ပတ်ခွင်းသောနည်းလမ်းဖြင့် ကုသရာတွင် အကျိတ်ဆဲလ်များပြန်ပွားခြင်းကိုအထူးလျော့ချပေးသည်။
အရွယ်အစားကြီးမားသောကင်ဆာအကျိတ်နှင့် သွေးကြောအတွင်းဝင်‌ရောက်သောကင်ဆာဆဲလ်များကို ရေဒီယိုလှိုင်းဖြင့်

အမြစ်ပြတ်အောင် ကုသနိုင်သည်။
လူနာအားလုံးသည် အရည်အသွေးမြင့်ကုသမှုနှင့် လူနာ၏လုံခြုံမှုကိုသေချာစေရန် ခွဲစိတ်ခန်းအတွင်းတွင် ကုသရမည်။
အပ်အများအပြားဖြင့် တပြိုင်တည်းထိုးဝင်ပြီး အပူပေးကုသမှုသည် ကင်ဆာအကျိတ်များကိုသိသိသာသာလျော့ကျစေသည်။
စက်ရုပ်နည်းပညာဖြင့်ဒူးခေါင်းအစိတ်ပိုင်းအစားထိုးခွဲစိတ်ကုသခြင်း(MAKO)
၂၀၀၇မှစ၍ MAKOplasty (စက်ရုပ်အကူ )ဒူးခေါင်းအစားထိုးခွဲစိတ်ကုသမှုကို စတင်ပြုလုပ်ခဲ့သည်။ အရိုးဌာနတွင်ရှိသော ကျောရိုးဆစ်ဌာနမှ ဆရာဝန်၅ဦးသည် ကျောရိုးခွဲစိတ်ကုသမှုကို အထူးကျွမ်းကျင်ပိုင်နိုင်သည်။ ကုသရာတွင် လည်ဆစ်ရိုး၊ ရင်ပိုင်းအရိုးဆစ်များ၊ ခါးရိုးဆစ်များကိုပါကုသပေးသည်။
ခွဲစိတ်ကုသမှုအတွက် လူသိအများဆုံးဖြစ်သော အဆစ်အတုအစားထိုးကုသမှုသည် ”ယခင်ရှေးရိုးဒူးခေါင်းအစားထိုးကုသမှု” နှင့်”စက်ရုပ်လက်တံဖြင့်ဒူးခေါင်းအစိတ်ပိုင်းအစားထိုးခွဲစိတ်ကုသမှု” ဟူ၍ နှစ်မျိုးရှိသည်။ အထက်ပါကုသမှုနှစ်ခု၏ အထူးကွာခြားချက်မှာ လူနာအတွက်ကျန်းမာသောအရိုးနုနှင့် အရွတ်များကျန်ရှိစေခြင်း ဖြစ်သည်။
ဒူးခေါင်းတွင် အကန့်၃ကန့်ပါရှိသည့်အနက် ဒူးခေါင်း၂ကန့်ပျက်စီးနာကျင်ခြင်း ဝေဒနာခံစား‌နေရသူများသာလျှင် ဒူးဆစ်တစ်ခုလုံးကို အစားထိုးကုသရန်လိုအပ်သည်။ ခွဲစိတ်ကုသပြီးသောလူနာအများစုသည် ရောဂါသက်သာဖို့ရာအတွက် ဒူးခေါင်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းကို စမ်းသပ်တွေ့ရှိခဲ့သည်။
“စက်ရုပ်နည်းပညာဖြင့်ဒူးခေါင်းအစိတ်ပိုင်းအစားထိုးခွဲစိတ်ကုသခြင်း” သည် 3D စတီရီယိုပုံရိပ်၊ ကွန်ပြူတာနည်းပညာ၊ စက်ရုပ်လက်တံများအကူဖြင့် ပျက်စီးနေသောဒူးခေါင်းကို တိကျမှန်ကန်စွာခွဲထုတ်ခြင်းနှင့် လဲလှယ်ခြင်းကြောင့် ဒူးခေါင်းအနီးရှိ အရွတ်နှင့် အရိုးနုများထိခိုက်ပျက်စီးမှုမရှိစေခြင်း၊ ခွဲစိတ်ကုသမှုမပြုမီ တစ်ဦးချင်း၏ဒူးအဆစ်များကို အံဝင်ခွင်ကျဖြစ်စေရန် ကွန်ပျူတာဖြင့်  တိုင်းထွာမှုလုပ်နိုင် ရုံသာမက ခွဲစိတ်ကုသနေချိန်တွင်လည်း ကွန်ပျူတာကိုအသုံးပြုပြီး အရွတ်များ၏ တင်းမာမှုနှင့် ခွဲစိတ်ပြီးနောက် ဒူးခေါင်ဒူးဆစ်၏ လှုပ်ရှားမှုများကို လိုအပ်သလိုချက်ချင်းချိန်ညှိနိုင်သည်။

wu35j
置頂