အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

Da Vinci စက်ရုပ်လက်တံခွဲစိတ်ကုသမှု

စက်ရုပ်အသုံးပြု၍ခွဲစိတ်ကုသခြင်းသည် နည်းပညာနှင့်ဆေးကုသမှုကိုပေါင်းစပ်ထားပြီး ခွဲစိတ်ဒဏ်ရာကိုအသေးဆုံးဖြစ်အောင်

ခွဲစိတ်ကုသောနည်းလမ်းကို အောင်မြင်ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ စက်ရုပ်လက်တံ၏ ကူညီမှုကြောင့် ခွဲစိတ်ကုသချိန်တွင် ကြည်လင်သောမြင်ကွင်းရရှိခြင်း၊ သွက်လက်သောလက်ကောက်ဝတ်လှုပ်ရှားမှုရှိခြင်း၊ တိကျမှုရှိခြင်းနှင့် သေးငယ်သောခွဲစိတ်မှုမှတဆင့် အလွန်ရှုပ်ထွေးသောခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်သည်။

ပါရဂူ

Shuang Ho Hospital

賴鴻政, ဒေါက်တာ လိုင်ဟောင်ဂျင် Hung-Cheng Lai

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

陳冠州, ဒေါက်တာ ချွမ်ကွမ်ကျုံး Kuan-Chou Chen

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

江怡德, ဒေါက်တာ ကျန်းရိသယ် Yi-De Chiang

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

鄒凱亦, ဒေါက်တာ ကျိုးခိုင်ယိ Kai-Yi Tzou

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

趙品植, ဒေါက်တာ ကျောက်ပင်(န်)ကျစ် Pin-Zhir Chao

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

陳聰明, ဒေါက်တာ ချန်ချုံးမင် Tsung-Ming Chen

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

蔡葵諺,ဒေါက်တာ ချိုက်ခွေရန့် Kuei-Yen Tsai

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

洪進昇, ဒေါက်တာ ဟုမ်ကျင့်ရှမ်း Chin-Sheng Hung

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

張東晟, ဒေါက်တာ ကျန်းတုံရှန့် Tung-Cheng Chang

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

郭光泰, ဒေါက်တာ ကောကွမ်းထိုက် Kuang-Tai Kuo

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

張統優, ဒေါက်တာ ကျန်းထုံယုန်း Tung-Yu, Tiong

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

မီးယပ်ရောဂါ Da Vinci ခွဲစိတ်ကုသခြင်း
ယခင်နည်းအတိုင်းမီးယပ်ခွဲစိတ်ကုသမှုသည် ဝမ်းဗိုက်တွင်သိသာမြင်သောအနာကိုဖြစ်စေသည်။ အသေးစား ခွဲစိတ်ကုသမှု အရှိန်ရလာသည်နှင့် အမျှစက်ရုပ်လက်တံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခွဲစိတ်မှုများကို အနုစိပ်အောင်ပြုလုပ်နိုင်ခဲ့သည့် အပြင် ခွဲစိတ်ကုသပြီးနောက်နေထိုင်မှုဘဝ၏ အရည်အသွေးကိုတိုးတက်စေသည်။ Da Vinci စက်ရုပ်၏လက်တံမှာ ခွဲစိတ်ကုသရာတွင် အလွန်တည်ငြိမ်သည်။ စက်ရုပ်လက်တံခွဲစိတ်သော အရာသည် ၁(စင်တီမီတာ) အောက်သာရှိသည်။ သေးငယ်သောခွဲစိတ်မှုမှသည် အခြားသောခွဲစိတ်ခြင်း၊ ချုပ်ရိုးချုပ်ခြင်းကို တည်ငြိမ်တိကျစွာ ပြုလုပ်နိုင်သည်။ သွေးထွက်ခြင်းပမာဏကိုနည်းစေပြီး ခွဲစိတ်ရာအနီးအနားရှိ တစ်သျှူးများပျက်စီးခြင်းကို လျှော့ချနိုင်ပြီး ခွဲစိတ်ကုသပြီးနောက် အနာကျက်လွယ်သည်။
ထို့အပြင် Da Vinci စက်ရုပ်လက်တံစနစ်သည် ရှင်းလင်းသောအမြင်ကိုပေးသည်။ ခွဲစိတ်ရာတွင် အနီးအနားရှိတစ်သျှူးများပျက်စီးမှုကိုလျှော့ချပြီး ခွဲစိတ်မှုကိုပိုမိုတိကျစေသည်။ da Vinci စက်ရုပ်လက်တံသည် မီးယပ်ဆိုင်ရာခွဲစိတ်ကုသမှုတွင်လည်းတွင်ကျယ်စွာအသုံးပြုနိုင်သည်။ အထူးသဖြင့် သားအိမ်အတွင်းအမြှေးပါးကင်ဆာ (သို့မဟုတ်) သားအိမ်ခေါင်းကင်ဆာများတွင် အများဆုံးအသုံးပြုနိုင်သည်။ အကယ်၍ သားအိမ်ရှိကင်ဆာအကျိတ်အလွန်မကြီးမားလျှင် Da Vinci စက်ရုပ်လက်တံဖြင့် ဖယ်ထုတ်နိုင်သည်။ ယခင်ကဤခွဲစိတ်မှုအမျိုးအစားဒဏ်ရာမှာကြီးမားသည်။ ပြန်လည်သက်သာအချိန်ကာလရှည်လျားပြီး အနာကျက်ကာလအတွင်းဖြစ်တက်သော ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်သည်။ da Vinci စက်ရုပ်လက်တံသည် ယခင်ရှေးနည်းခွဲစိတ်ကုသမှု၏အားနည်းချက်များကို ကျော်လွှားနိုင်သည်။ အဖြစ်များသော သားအိမ်အတွင်းအကျိတ်ရှိခြင်း၊ အထူးသဖြင့်အကျိတ်များခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်သောနေရာတွင် အကျိတ်ရှိခြင်းတို့ကို da Vinci စက်ရုပ်လက်တံဖြင့်အကျိတ်ကိုဖယ်ရှာနိုင်ပြီးနောက် ချုပ်ရိုးကို သေသပ်စွာချုပ်ခြင်းများ ကိုပါ ပြုလုပ်နိုင်သည်။ နောက်ပိုင်းတွင်အနာသက်သာမြန်ပြီး အနာကျက်ရန်လွယ်ကူသည်။

■Da Vinci စက်ဖြင့်ကင်ဆာမဟုတ်သောအကျိတ်များကိုခွဲစိတ်ခြင်း
၁။သားအိမ်အကျိတ်(အဖြစ်များဆုံးသောကင်ဆာမဟုတ်သောသာမန်အကျိတ်)
၂။ သားဥအိမ်တွင်ရေအိတ်တည်ခြင်း
၃။adenomyosis (သားအိမ်အတွင်းဆုံးလွှာရောဂါတစ်မျိုး)
၄။ uterine prolapse (သားအိမ်ကျွံကျခြင်း)
၅။တင်ပဆုံရိုးအခေါင်းတွင်းရှိအမြှေးများစေးကပ်ခြင်း
■Da Vinci စက်ဖြင့်ကင်ဆာအကျိတ်ခွဲစိတ်ခြင်း
၁။သားအိမ်ကင်ဆာ (သားအိမ်နှင့်ပတ်သက်သောရောဂါများ၊ သားအိမ်ကြွက်သားအတွင်းဆုံးလွှာနှင့် အလယ်လွှာ၊ အဖြစ်များသောကင်ဆာအကျိတ်အမျိုးမျိုး)
၂။ သားဥအိမ်ကင်ဆာ
၃။ သားအိမ်ခေါင်းကင်ဆာ
သားဖွားမီးယပ်ဌာနလိုင်ဟောင်ဂျင်ဒုဆေးရုံအုပ်
အထွေထွေခွဲစိတ်ကုသဌာနda Vinciခွဲစိတ်ကုသခြင်း
ဝမ်းဗိုက်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်းကို သည်းခြေ၊ အူမကြီး၊ အူအတက်၊ အစာအိမ်၊ အသည်း၊ ပန်ကရိယ၊ သိုင်းရွိုက်ဂလင်း အစရှိသော အထွေထွေခွဲစိတ်ကုသခြင်းများတွင် အသုံးပြုသည်။ စွမ်းဟော်ဆေးရုံတွင် စက်ရုပ်လက်တံကိုထားရှိပြီးသည့် နောက်တွင် စက်ရုပ်လက်တံ၏ ပျော့ပျောင်းသွက်လက်မှုနှင့် ပုံရိပ်စနစ်၊ သာမန်မျက်စိဖြင့်မမြင်နိုင်သောအကြောနှင့် သွေးကြောများကိုအတွင်းကျကျတိကျစွာ ကုသနိုင်သည်။ ကျွန်ုပ်တို့ဆေးရုံ၏ ဒုဆေးရုံအုပ်ဟွမ်မင်းတဲ က "Single Hole Da Vinci ခွဲစိတ်ကုသမှု" သည်အဆင့်မြင့် Da Vinci ခွဲစိတ်ကုသမှုဖြစ်သည်ဟုပြောကြားသည်။ သာမာန်စက်ရုပ်လက်တံခွဲစိတ်ကုသမှုသည် ဝမ်းဗိုက်တွင်အပေါက်သုံးခုဖောက်ရန် လိုအပ်သည်။  "Single Hole Da Vinci ခွဲစိတ်ကုသမှု " ကအပေါက်သေးသေးလေးတခုသာဖွင့်ပြီး တစ်ချိန်တည်းမှာပင်ဖွင့်ထားသောအပေါက်လေးမှ စက်ရုပ်လက်တံသုံးလက်တပြိုင်တည်းထည့်၍ လုပ်ဆောင်သော ခက်ခဲသည့်ခွဲစိတ်မှုပင်ဖြစ်သည်။ ယခင်ခွဲစိတ်ကုသမှုပုံစံဖြစ်သော ဝမ်းဗိုက်ခွဲစိတ်ကုသမှုနှင့် ဝမ်းဗိုက်အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်းထက် တစ်ဆင့်မြင့်သော စက်ရုပ်လက်တံဖြင့်ခွဲစိတ်ဒဏ်ရာအသေးဆုံးဖြင့်ခွဲစိတ်ကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ ခွဲစိတ်ကုသပြီးနောက်လူနာများ၏ နာကျင်မှုကိုလျှော့ချရန်ဖြစ်သည်။ အဆင့်မြင့်နည်းပညာကိုအသုံးပြုခြင်းသည် လူနာ၏နာကျင်ခံစားမှုများလျော့ချရန်အတွက်နှင့် တစ်ပြိုင်နက်တည်းတွင် လူနာများအတွက် ပိုမိုကောင်းမွန်သော စောင့်ရှောက်မှုကိုရနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

 
■Da Vinciစက်ဖြင့် အူမကြီးဆိုင်ရာခွဲစိတ်ကုသခြင်း
၁။အူမကြီးသာမန်အကျိတ်နှင့်ကင်ဆာအကျိတ်
၂။ diverticulosis (အူမကြီးနံရံရှိအိတ်ကလေးများသို့ ရောဂါပိုးဝင်ရောက်ခြင်းနှင့်ရောင်ရမ်းခြင်း)
 
■ခွဲစိတ်ရာအသေးဆုံးဖြင့်ခွဲစိတ်ကုသခြင်း
၁။ ရင်သားကင်ဆာ (Da Vinci ခွဲစိတ်ကုသမှု)
■အသည်းဆိုင်ရာစက်ရုပ်လက်တံဖြင့်ခွဲစိတ်ကုသမှု
၁။အသည်းကင်ဆာအကျိတ်
နား၊နှာခေါင်း၊လည်းချောင်း Da Vinci ခွဲစိတ်ကုသမှု
Da Vinci ခွဲစိတ်မှု၊ ခွဲစိတ်အရာအသေးဆုံးဖြင့် ခွဲစိတ်ကုသခြင်းဆေးပညာ-စက်ရုပ်လက်တံ၏အကူအညီဖြင့် သေးငယ်သောခွဲစိတ်အရာမှတစ်ဆင့် တိတိကျကျခွဲစိတ်ကုသခြင်းဖြစ်သည်။ ခွဲစိတ်ရာတွင် တိကျမှန်ကန်ခြင်းကြောင့် အန္တရာယ်ဖြစ်နိုင်ခြေ ရာခိုင်နှုန်းကိုလျော့ကျစေသော အားသာချက်ရှိသည်။ ခံတွင်းကင်ဆာ၊ အာခေါင်ကင်ဆာများကို ခွဲစိတ်ကုသခြင်း၊ သိုင်းရွိုက်ရောဂါနှင့် အိပ်စက်ခြင်းဆိုင်ရာနှင့်ပတ်သတ်သော ရောဂါများတွင်အသုံးပြုနိုင်သည်။
■စက်ရုပ်လက်တံဖြင့် ပါးစပ်ပေါက်မှတဆင့် ခံတွင်းနှင့်လည်ချောင်းရှိအကျိတ်ကို ခွဲစိတ်ကုသခြင်း
၁။ခံတွင်း၊ လည်ချောင်းရိုးရိုးအကျိတ်နှင့် ကင်ဆာအကျိတ် (ကျဉ်း၍ ကွေ့ကောက်သောလည်ချောင်းများအတွက်မသင့်တော်ပါ)
■အိပ်ပျော်စဉ်  အသက်ရှူကြပ်ခြင်းကို ပါးစပ်မှာတဆင့်စက်ရုပ်လက်တံဖြင့်ခွဲစိတ်ကုသခြင်း
၁။အိပ်ပျော်နေစဉ် အလယ်အလတ်မှပြင်းထန်သောအသက်ရှူကြပ်ခြင်းဖိအားကို အသက်ရှူကိရိယာ တပ်ဆင်သော်လည်း အဆင်မပြေသူများ (ကျဉ်း၍ကွေ့ကောက်သော လည်ချောင်းများအတွက် မသင့်တော်ပါ)
နား၊ နှာခေါင်း၊ လည်ချောင်းဌာနမှ ဌာနမှူးကျောက်ပင်(န်)ကျစ် နှင့် ဆရာဝန်ချန်ချုံးမင်(ဘယ်မှမှညာသို့)
ဝမ်းဗိုက်ဆိုင်ရာခွဲစိတ်ကုသမှုကို  Da Vinci ဖြင့်ခွဲစိတ်ကုသခြင်း
Da Vinci (စက်ရုပ်လက်တံ)ခွဲစိတ်ကုသမှုသည်အဓိကအားဖြင့် အဆုတ်ကင်ဆာ၊ အစာပြွန်ကင်ဆာနှင့် သိုင်းရက်စ်ဂလင်းရောဂါများကို ကုသရာတွင် အသုံးပြုသည်။
အူမကြီးခွဲစိတ်ကုသမှုကို Da Vinci ဖြင့်ခွဲစိတ်ကုသခြင်း
အလုပ်မအားလပ်ခြင်းကြောင့် အစားသောက်ကို အနောက်တိုင်းဆန်ဆန်စားသောက်မှုများကြောင့် နှစ်စဉ်နှစ်တိုင်းအူမကြီး၊ စအိုနှင့်ပတ်သက်သောရောဂါများ တစ်နှစ်ထက်တစ်နှစ်ပိုမိုဖြစ်ပွားလာသည်။ အူမကြီးကင်ဆာသည်ထိုင်ဝမ်တွင် အဖြစ်များဆုံးသောထိပ်တန်းကင်ဆာဆယ်မျိုးထဲမှတစ်မျိုးဖြစ်သည်။ ၎င်းလူနာများကို ပိုမိုကောင်းမွန်သော၀န်ဆောင်မှုပေးနိုင်ရန်အတွက် စွမ်းဟော်ဆေးရုံအူမကြီးခွဲစိတ်ဌာနတွင် အူမကြီးရောဂါနှင့် စအိုရောဂါများစစ်ဆေးခြင်းနှင့် ကုသခြင်းမျိုးစုံကိုပြုလုပ်ပေးသည်။
■အဓိကဖွံ့ဖြိုးအားသာချက်
စအိုကိုထိန်းသိမ်းထားရှိပြီး အူမကြီးကင်ဆာကိုသာခွဲစိတ်ကုသနည်း
Da Vinci စက်ရုပ်လက်တံခွဲစိတ်ကုသခြင်း
အတွင်းကြည့်မှန်ပြောင်းဖြင့် နေရာတစ်ခုတည်းသာခွဲစိတ်ကုသခြင်းနှင့် Da Vinci စက်ရုပ်လက်တံခွဲစိတ်ကုသခြင်း
ဝမ်ဗိုက်မှန်ပြောင်းဖြင့်အူမကြီး၊ အူအဆုံးပိုင်းကိုခွဲစိတ်ကုသခြင်း
လိပ်ခေါင်းရောဂါနှင့် စအိုပြွန်ရောဂါကိုအသေစား ခွဲစိတ်ကုသခြင်း
အူမကြီးကိုစစ်ဆေးခြင်းနှင့်ကုသခြင်း
■ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ
၁။အတွင်းကြည့်မှန်ပြောင်းခွဲစိတ်ကိရိယာ
၂။ Da Vinci စက်ရုပ်လက်တံခွဲစိတ်ကိရိယာ
၃။စအိုနှင့်အူအဆုံးပိုင်းဖိအားစစ်ဆေးစက်ကိရိယာ
■လုပ်ဆောင်ချက်အကြောင်းအရာ
၁။စအိုရောဂါများဖြစ်သော-လိပ်ခေါင်းရောဂါ၊ စအိုပြွန်၊ စအိုပြည်တည်နာ၊ စအိုကွဲနာ၊ စအိုဝကျဥ်မြောင်းခြင်း၊ စအိုပုံမှန်

အလုပ်မလုပ်ခြင်းအစရှိသော
၂။အူမကြီးအူအဆုံးပိုင်းရောဂါများ-အူမကြီးနှင့်အူအဆုံးပိုင်းသာမာန်အကျိတ်နှင့်ကင်ဆာအကျိတ်၊စအိုနှင့်အူအဆုံးပိုင်းပြည်တည်

နာ၊ရောင်ရမ်းလာသည့်အူရောင်ရောဂါ၊အူမကြီးနှင့်မိန်းမကိုယ်အခေါင်းစအိုပြွန်အစရှိသောရောဂါများ
■အူမကြီးနှင့်အူအဆုံးပိုင်းကို Da Vinci စက်ရုပ်လက်တံခွဲစိတ်ကိရိယာဖြင့်ခွဲစိတ်ကုသခြင်း
Da Vinci စက်ရုပ်လက်တံဖြင့်ခွဲစိတ်ပြုလုပ်ခြင်းသည် စက်၏ပုံရိပ်ဖြင့် ဝမ်းဗိုက်အခေါင်းကိုခွဲစိတ်ကုသမှု ပြုလုပ်ခြင်းဖြစ်သည်။၎င်းပုံရိပ်သည် 3Dပုံရိပ်ဖြစ်သောကြောင့် ယခင်ရှေးရိုးအသုံးပြုနေကျဝမ်းဗိုက်မှန်ပြောင်းထက် ပို၍ရှင်းလင်းသောပုံရိပ်  ရလဒ်ကိုတွေ့မြင်နိုင်သည်။ ၎င်းအပြင်စက်ရုပ်လက်တံ၏လှုပ်ရှားနိုင်သော ဒီကရီမှာ၅၄၀ဖြစ်သောကြောင့် အလွန်သွက်လတ်သည့်အပြင်စက်ရုပ်လက်တံဖြစ်ခြင်းကြောင့် ခွဲစိတ်ချိန်တွင်လတ်တုန်သည့်အခြေအနေမျိုးမရှိပါ။ ကျဥ်းမြောင်းသောနေရာတွင် ခွဲစိတ်ကုသရန်အလွန်သင့်တော်သည်။ ဥပမာအူမကြီးလမ်းကြောင်းခွဲစိတ်ကုသခြင်းနှင့်  သွေးဖြူဆဲလ်ပါအရည်ကြည် (lymph) ဖယ်ရှားခြင်းများဖြစ်သည်။ Da Vinci စက်ရုပ်လက်တံသည် စအိုနှင့်အလွန်နီးစပ်သော အူအဆုံးအပိုင်းတို့ကို ခွဲစိတ်ကုသရာတွင် အကယ်၍ အသေးစားခွဲစိတ်ကုသနည်းလမ်းနှင့်ပူးပေါင်းပြီး ခွဲစိတ်လျှင် စအိုဝမှစအိုကို ပျက်စီးခြင်းမရှိသည့် ခွဲစိတ်နည်းစနစ်ဖြင့်ခွဲစိတ်နိုင်ပြီး အလွန်ကောင်းမွန်သော ခွဲစိတ်ကုသမှုရလဒ်ကိုရရှိစေသည်။
နှလုံးခွဲစိတ်ကုသမှုကို Da Vinci ဖြင့်ခွဲစိတ်ကုသခြင်း
ကျန်းမာသက်သာချောင်းချိရေးဌာနစွမ်းဟော်ဆေးရုံနှလုံးခွဲစိတ်ကုသဌာနကို အောက်တိုဘာလ၊ ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဆရာဝန်ဟူပေါ်ရွန်ကဌာနမှူးဖြစ်ပြီး လင်ကျွင့်ဟွာ၊ ဝုန်ချွိဖုန်း၊ လီကျုံးရိ စသောဆရာဝန်များလည်း ၎င်းဝန်ဆောင်မှုသို့ဝင်ရောက်ခဲ့ကြသည်။ ၁၂ ရက်နေ့ ဖေဖော်ဝါရီလ၊ ၂၀၀၉ ခုနှစ်မှစ၍ ပထမဦးဆုံးနှလုံးခွဲစိတ်ကုသမှုကိုပြုလုပ်ခဲ့ပြီး ၂၀၁၇ခုနှစ်အကုန်တွင် ၇၀၀ကျော် ကုသနိင်ခဲ့ပြီးဖြစ်သည်။

သွေးကြောဆိုင်ရာခွဲစိတ်မှုပေါင်း ၈၀၀၀ ကျော်ရှိခဲ့သည်။ လက်ရှိရှိနေသောအဖွဲ့ဝင်များမှာ လင်ကျွမ့်ရှင်း(ဌာနမှူး)၊ ခဲ့ယွိချွမ်(ဆရာဝန်)၊ အပြင်ကိုယ်ခန္ဓာလည်ပတ်မှုဆိုင်ရာ ဆရာဝန်ဖူ့ကျစ်ရင်းနှင့် လျန်မဲ့လင်၊ အထူးကုသူနာပြုဆရာမကောင်းယွိချွမ်နှင့် ဟုန်ကျားလင်တို့ဖြစ်ပါသည်။

 
ဤဌာနသည်အခြားနှလုံးသွေးကြောဆိုင်ရာဌာနတို့နှင့် ပူပေါင်းဆောက်ရွက်ကြသည်။ နှလုံးသွေးကြောဆိုင်ရာလူနာများအတွက်ကုသမှုအပြည့်အစုံပြုလုပ်ဝန်ဆောင်ပေးသည်။ ကျောက်ကပ်ဆေးခြင်း၊နှလုံးအနီးအနာရှိသွေးလွှတ်ကြောခွဲစိတ်ခြင်း၊သွေးပြန်ကြောဖောင်းတွန့်ခြင်းကိုကုသခြင်း၊

အဓိကသွေးလွှတ်ကြောခွဲစိတ်ကုသခြင်းနှင့်ပိတ်နေတဲ့သွေးကြောကို stent ထည့်ကုသခြင်း၊ နှလုံးအဆို့ရှင်ပြုပြင်ခြင်းနှင့်အစားထိုးခွဲစိတ်ခြင်း၊  နှလုံးပတ်သွေးလွှတ်ကြောများကိုရှောင်ကွင်း၍ခွဲစိတ်ခြင်း၊Da Vinci စက်ဖြင့် အသေးစားခွဲစိတ်ကုသခြင်း၊နှလုံးပျက်စီးချို့ယွင်းမှုကိုခွဲစိတ်ကုသခြင်းအစရှိသောကုသမှုများကို

ကုသပေးသည်။ ရည်ရွယ်ချက်မှာ ယုန်ဟဲ ဒေသရှိ လူနာများ၏ နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ရန်ဖြစ်သည်။

 
ဆီးလမ်းကြောင်း Da Vinci စက်ဖြင့်ခွဲစိတ်ကုသခြင်း
နည်းပညာဆိုသည်မှာ လူသားတို့အားသစ္စာရှိသော သဘာဝ၏အထောက်အပံ့ဖြစ်သည့်အလျောက် အဆင့်မြင့်ခွဲစိတ်မှုများ ဖြစ်သည့် အနုစိတ်၍ အသေးစားခွဲစိတ်မှုများဆီသို့ ဦးတည်ရွေ့လျားလျက်ရှိသည်။ Da Vinci စက်ရုပ်လက်တံအသုံးပြုခွဲစိတ်မှုသည် လွန်စွာတိကျ၍ တည်ငြိမ်မှုရှိသည်။ ထိုအဆင့်မြင့်ကိရိယာမှာ ၇ ဒီဂရီ အထိ လွတ်လပ်စွာထိန်းကြောင်းနိုင်ပြီး ၅၄၀ ဒီဂရီ အထိ ပျော့ပြောင်းစွာ လှည့်နိုင်သည်။ လူ၏လက်ကို အတုခိုးထားသောပုံစံဖြစ်ပြီး လှည့်ခြင်း၊ ဖမ်းဆုပ်ခြင်း၊ ညှပ်ခြင်း စသည့် ရွေ့လျားမှုများပြုလုပ်နိုင်သည်။ ခွဲစိတ်ခြင်းအဆင့်ဆင့်နှုင့် ကျဉ်းမြောင်းသော ခွဲစိတ်မှန်ပြောင်းတို့အသုံးပြုရသည်မှာ ပိုမိုခက်ခဲသော်လည် ထိရောက်မှုရှိပြီး အနာချုပ်ရာတွင်လည်း သာမန်ခန္ဓာကိုယ်ကြည့်မှန်ပြောင်းအသုံးပြုခြင်းထက် ပိုမိုထိရောက်မှုရှိသည်။ စက်ရုပ်လက်တံအကူအညီဖြင့် ခွဲစိတ်ရာတွင် အနာဘေးတစ်ရှုးများပျက်စီးမှုနည်းခြင်း၊ သွေးထွက်နည်းခြင်း၊ အနာသေးခြင်း၊ ခွဲစိတ်ချိန်နည်းခြင်း၊ အနာကျက်မြန်ခြင်း စသောအားသာချက်များရှိသည်။ ကျွန်တော်တို့၏ ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသဌာနသည် စက်ရုပ်လက်တံအသုံးပြုခွဲစိတ်မှု အတွေ့အကြုံများစွာရှိပြီး ၂၀၁၄ မှစ၍ ခွဲစိတ်မှု တစ်ရာကျော် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ကျောက်ကပ်အစိတ်အပိုင်းကို ခွဲစိတ်ကုသခြင်း၊ ကျောက်ကပ်ဆီးလမ်းကြောင်းကိုခွဲစိတ်ကုသခြင်း၊ ဆီးအိမ် ဆီးအိတ်ကိုခွဲစိတ်ကုသရာတွင် ဆီးအိတ်အတုဖြင့်အစားထိုးကုသခြင်း၊ Single Hole Da Vinci ခွဲစိတ်ကုသမှု၊ ကျောက်ကပ်ဆုံခွက်

(ဆီးခံကတော့၊ဆီးပြွန်ကတော့) ကို ပြန်လည်တည်ဆောက်ခြင်းနှင့် ကျောက်ကပ်တွင်းရှိကျောက်များကို ခွဲစိတ်ဖယ်ထုတ်ခြင်း၊ အထက်ပိုင်းကျောက်ကပ်ငယ်ကိုခွဲထုတ်ခြင်းအစရှိသည့် ခက်ခဲ၍ တိကျမှုလိုအပ်သော ခွဲစိတ်မှုများပြုလုပ်ခဲ့သည်။ 

 
ကျန်းမာသက်သာချောင်ချိရေးဌာန စွမ်းဟော်ဆေးရုံဆီးလမ်းကြောင်းဆိုင်ရာကုသမှုအဖွဲ့တွင် ကျွမ်းကျင်သည့် နည်းပညာရှိခြင်းသည် လူနာများအတွက် အလွန်အထောက်အကူပြုသည်။
■Da Vinci စက်ရုပ်လက်တံခွဲစိတ်ကုသခြင်း
၁။သုက်ရည်ဂလင်းကင်ဆာ
၂။ဆီးလမ်းကြောင်းကင်ဆာအကျိတ်
ဆီးလမ်းကြောင်းဌာနာ၏ဌာနမှူးချွမ်ကွမ်ကျုံး၊ဆရာဝန်ကျန်းရိသယ်၊ဆရာဝန်ကျိုးခိုင်ယိ(ဘယ်မှမှညာသို့)
置頂