အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

အတွင်းကြည့်မှန်ပြောင်းဖြင့်ပခုံးဆက်အဆစ်အမြစ်ကိုခွဲစိတ်ကုသခြင်း

တခြားအရိုးအထူးကုဆရာဝန်များသည်အတွင်းကြည့်မှန်ပြောင်းဖြင့် ရောဂါကိုစမ်းသပ်ကြည့်ရှုပြီး ယခင်ရိုးရာနည်းအတိုင်းခွဲစိတ်ကုသမှု ပေးခြင်းဖြင့် အောင်မြင်မှုများရရှိခဲ့ကြသည်။ ထိုင်ပေမြို့နယ်ပြည်သူပိုင်ဝမ်ဖန်

ဆေးရုံသည် ၂၀၀၈ခုနှစ်မှစ၍ ဒဏ်ရာရရှိသောပခုံးနောက်ကျောကြွက်သားအုပ်စုကိုကုသရာတွင် လူနာပေါင်း(၁၁၀၀)ကို

 ကုသနိုင်ခဲ့သည်။ အတွင်းကြည့်မှန်ပြောင်းအသုံးပြု ပခုံးအဆစ်အမြစ်ပြသရေးဌာကို ဖွင့်လှစ်ထားသည့်အပြင် ပခုံးနောက်ကျောကြွက်သားအုပ်စုကိုပါ ခွဲစိတ်ကုသပေးသည်။ ထို့အပြင် ” Consortium Legal Life Technology ဆေးဘက်ဆိုင်ရာနည်းပညာပေါ်လစီသုတေသနစင်တာ”မှ  SNQ National Quality Mark ဖြစ်သောနိုင်ငံတော်အဆင့် အရည်အသွေးအသိမှတ်ပြုလက်မှတ်ကို ရရှိခဲ့သည်။

ပါရဂူ

Taipei Municipal Wanfang Hospital

莊太元, ဒေါက်တာ ကျွမ်းထိုက်ရွမ် Tai-Yuan Chuang

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ထိုအဖွဲ့ကို အဓိကဦးဆောင်သူမှာ ဆရာဝန်ကျွမ်းထိုက်ယွမ်း ဖြစ်ပြီး သူသည် အတွင်းကြည့်မှန်ပြောင်းဖြင့် ပခုံးဆက်အဆစ်အမြစ် ခွဲစိတ်ကုသခြင်းကို အမေရိကန်မှ ပါမောက္ခ စတီဖန်စက်စ်ဘာ့ခ်အက်(Professor Stephen S Burkhart)  ထံ မှလေ့လာသင်ယူခဲ့သူဖြစ်သည်။ ပါမောက္ခ စတီဖန်စက်စ်ဘာ့ခ်အက် (Professor Stephen S Burkhart)  သည် အတွင်းကြည့်မှန်ပြောင်းဖြင့်ပခုံးဆက်အဆစ်အမြစ်ခွဲစိတ်မှု၏ ရှေ့ဆောင်လမ်းပြသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။
အတွင်းကြည့်မှန်ပြောင်းဖြင့် ပခုံးဆက်အဆစ်အမြစ်ခွဲစိတ်ကုသခြင်း၏ အားသာချက်မှာ အတွင်းကြည့်မှန်ပြောင်းဖြင့် အဆစ်အမြစ်များကို စေ့စပ်စွာရှာဖွေကြည့်ရှုစမ်းသပ်နိုင်စွမ်းရှိသည်။ အတွင်းကြည့်မှန်ပြောင်းဖြင့်အမျိုးမျိုးသောရှုထောင့်မှ

ကြည့်ခြင်းဖြင့် တိကျမှန်ကန်သော အချက်အလက်များကိုရရှိစေသည်။ အတွင်းကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း၏ အကျိုးကျေးဇူးမှာ ခွဲစိတ်ရာသေးငယ်ခြင်း၊ ဆေးရုံတွင်ရက်အနည်းသာတက်ရန်လိုခြင်း၊ ခွဲစိတ်ကုသပြီးဘေးထွက်ဆိုးကျိုးနည်းခြင်း၊ ပိုးဝင်နိုင်ခြေနည်းခြင်း အစရှိသောအားသာချက်များရှိသည်။
置頂