အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

မျိုးဆက်ပွားခြင်းဆေးပညာ

မျိုးဆက်ပွားဆေးပညာဌာနတွင် ကျွမ်းကျင်သောဆရာဝန်များစွာရှိသည်။ ကျွမ်းကျင်အတိုင်ပင်ခံသူနာပြုများနှင့်

အတွေ့အကြုံရှိသောဓာတ်ခွဲခန်းပညာရှင်များ၊ နှစ်ပေါင်းများစွာနည်းပညာအသစ်များကိုသုတေသနပြုလုပ်ခြင်း နှင့် မျိုးမပွားနိုင်သည့် အမျိုးသမီးများအတွက်အရည်အသွေးမြင့်မားသောခွဲစိတ်ကုသမှုနည်းစနစ်များကို ပြုလုပ်ပေးခြင်းဖြင့် အကောင်းဆုံးသော ကုသရေး ဝန်ဆောင်မှုများပေးသည်။ ကျွန်တော်တို့တွင် မျိုးမပွားနိုင်သော အမျိုးသမီများအတွက် အရည်အသွေးမြင့်မားသည့် ကုသရေးလုပ်ငန်းစဉ်များကိုဝန်ဆောင်မှုပေးခြင်းဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ပြီးဖြစ်သည်။ တစ်နှစ်လျှင်ဖန်ပြွန်သန္ဓေသား အစားထိုးကုသမှု ၂,၀၀၀ ကျော်ကိုဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်မှုနှုန်း ၄၀% ရှိသည်။ ထိုင်ဝမ်မျိုးဆက်ပွားဆေးပညာလောကတွင် ဦးဆောင်နေသောစင်တာတစ်ခုဖြစ်သည်။ စင်တာ၏ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများမှာ-မျိုးရိုးဗီဇစစ်ဆေးခြင်းနှင့် ရောဂါစစ်ဆေးခြင်း (PGS / PGD)၊ သုတ်ရည်နှင့်သုတ်ကောင်အေးခဲခြင်း၊

မျိုးပွားနိုင်ရန်မျိုးပွားအင်္ဂါသို့သုက်ပိုးများပို့ဆောင်ပေးခြင်း၊ ဖန်ပြွန်သန္ဓေသားပြုလုပ်ပေးခြင်း၊ သားအိမ်နံရံအတွင်းမှာရှိရသော တစ်ရှုးများ သားအိမ်အပြင်တွင်ဖွံဖြိုးပွားများလာခြင်းကို ခွဲစိတ်ကုသခြင်း စသော‌‌ရောဂါများကိုခွဲစိတ်ကုသပေးသည်။

ပါရဂူ

Taipei Medical University Hospital

陳啟煌, ဒေါက်တာ ချမ်းချီဟွမ် Chi-Huang Chen

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲဆေးရုံ၏ မျိုးဆက်ပွားဆေးပညာဌာနကို ၁၉၉၁ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ နောက်ဆုံးပေါ် မျိုးဆက်ပွားဆေးပညာအကူအညီဖြင့် မျိုးမပွားနိုင်သောဇနီးမောင်နှံများတို့ကိုကိုယ်ဝန်ဆောင်နိုင်ရန်ကူညီပေးသည်။  ဝန်ဆောင်မှုကောင်းခြင်း၊ ကျွမ်းကျင်ဆရာဝန်များ၊ ဓာတ်ခွဲခန်းပညာရှင်များ၏ ကြိုးစားမှုရလဒ် များကြောင့် ကလေးကြီးထွားဖွံ့ဖြိုးမှုရှိသောဖန်ပြွန်သန္ဓေသားကို အောင်မြင်စွာပြုလုပ်ပေးခြင်းများသည် ပြည်တွင်းမျိုးဆက်ပွားနယ်ပယ်တွင်ရှေ့ဆောင်လမ်းပြ အနေဖြင့်ရလဒ်ကောင်းများစွာရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်ပထမဆုံးစမ်းသပ်ခဲ့သည့်ဖန်ပြွန်သန္ဓေသားသည် ကျွန်ုပ်တို့၏ဆေးရုံ၌မွေးဖွားခဲ့သည်။ ၁၉၉၃ခုနှစ်တွင်ထိုင်ဝမ်တွင်

ပထမဥဦးဆုံးဝှေးစေ့ရှိသုက်ပိုးဖြင့်အောင်မြင်စွာသန္ဓေတည်နိုင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲဆေးရုံမှ

သုတ်ပိုးကိုထုတ်ယူ၍သားအိမ်ထဲသို့ တိုက်ရိုက်ထိုးသွင်းပြီး သန္ဓေသားရရှိထားသောကလေးကို ပထမဦးစွာမွေးဖွားခဲ့သည်။ ၁၉၉၆ခုနှစ်တွင် အေးခဲထားသောမျိုးပွားချပ်ဝိုင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်အောင် ပထမဦးစွာအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်ထိုင်ဝမ်တွင်းရှိ မျိုးဆက်ပွားဆေးပညာလောကတွင်ပထမဦးဆုံး ISO 9002 Health Mark ၏အသိမှတ်ပြုခံရသောဌာနဖြစ်လာသည်။ထိုနှစ်တွင်ပင် ၁၉၉၉ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာနှင့် အမျိုးသားကျန်းမာ

ရေးစောင့်ရှောက်မှုဆိုင်ရာ ရွှေတံဆိပ်ဆုကိုရရှိခဲ့သည်။
ဤဌာနတွင်ထူးချွန်သောဆရာဝန်၊ ပရော်ဖက်ရှင်နယ်အတိုင်ပင်ခံသူနာပြုများနှင့်အတွေ့အကြုံရှိဓာတ်ခွဲခန်းပညာရှင်များရှိခြင်း၊

နှစ်စဉ်စဥ်ဆက်မပြတ်သုတေသနနှင့်နည်းပညာဆန်းသစ်တီထွင်မှုများပြုလုပ်ခြင်း၊ မျိုးမပွားနိုင်သည့်အမျိုးသမီးများအတွက်

အရည်အသွေးမြင့်မားသောခွဲစိတ်ကုသမှုနည်းစနစ်များရှိခြင်းအစရှိသော အကောင်းဆုံးကုသမှုကိုရရှိစေသည်။  တစ်နှစ်လျှင် ဖန်ပြွန်သန္ဓေသားကုသမှုပေါင်း၂,၀၀၀ကျော်ရှိသည်။အောင်မြင်မှုနှုန်းသည်၅၀%ဖြစ်ပြီး၊ ထိုင်ဝမ်မျိုးဆက်ပွားဆေး

ပညာလောက၏ရှေ့ဆောင်လမ်းပြဖြစ်သည်။ထို့အပြင် ၂၀၁၆ ခုနှစ်တွင် SNQအမျိုးသားအရည်အသွေးအသိမှတ်ပြု

လက်မှတ် (Symbol of National Quality) ကိုရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း၎င်းလက်မှတ်ကိုပင်ထပ်မံရရှိခဲ့သည်။ အမျိုးသားအရည်အသွေးအသိမှတ်ပြုလက်မှတ် SNQ သည်လုံခြုံမှုနှင့်အရည်အသွေး(Safety and Quality)ရှိခြင်း

တို့ကိုကိုယ်စားပြုသည်။ထိုင်ပေဆေးတက္ကသိုလ်ပူတွဲဆေးရုံမျိုးဆက်ပွားဆေးပညာဌာနတွင်အကောင်းဆုံးဆေးဘက်ဆိုင်ရာအဖွဲ့နှင့်အရည်အသွေးမြင့်သောဇီဝနည်းပညာဖြင့်သားဖွားခြင်းများရှိသည်။ဘေးအန္တရာယ်ကင်းရှင်းခြင်း၊အရည်အသွေးနှင့်ပတ်သက်၍ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချပါ။
置頂