အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

စက်ရုပ်နည်းပညာဖြင့်ဒူးခေါင်းအစိတ်ပိုင်းအစားထိုးခွဲစိတ်ကုသခြင်း(MAKO)

၂၀၀၇မှစ၍ MAKOplasty (စက်ရုပ်အကူ )ဒူးခေါင်းအစားထိုးခွဲစိတ်ကုသမှုကို စတင်ပြုလုပ်ခဲ့သည်။ အရိုးဌာနတွင်ရှိသော ကျောရိုးဆစ်ဌာနမှ ဆရာဝန်၅ဦးသည် ကျောရိုးခွဲစိတ်ကုသမှုကို အထူးကျွမ်းကျင်ပိုင်နိုင်သည်။ ကုသရာတွင် လည်ဆစ်ရိုး၊ ရင်ပိုင်းအရိုးဆစ်များ၊ ခါးရိုးဆစ်များကိုပါကုသပေးသည်။ ခွဲစိတ်ကုသမှုအတွက် လူသိအများဆုံးဖြစ်သော အဆစ်အတုအစားထိုးကုသမှုသည် ”ယခင်ရှေးရိုးဒူးခေါင်းအစားထိုးကုသမှု” နှင့်”စက်ရုပ်လက်တံဖြင့်ဒူးခေါင်းအစိတ်ပိုင်းအစားထိုးခွဲစိတ်ကုသမှု” ဟူ၍ နှစ်မျိုးရှိသည်။ အထက်ပါကုသမှုနှစ်ခု၏ အထူးကွာခြားချက်မှာ လူနာအတွက်ကျန်းမာသောအရိုးနုနှင့် အရွတ်များကျန်ရှိစေခြင်း ဖြစ်သည်။

ပါရဂူ

Shuang Ho Hospital

翁佩韋,ဒေါက်တာ ဝုမ်ဖေ့ဝိမ် Pei-Wei Weng

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ဒူးခေါင်းတွင် အကန့်၃ကန့်ပါရှိသည့်အနက် ဒူးခေါင်း၂ကန့်ပျက်စီးနာကျင်ခြင်း ဝေဒနာခံစား‌နေရသူများသာလျှင် ဒူးဆစ်တစ်ခုလုံးကို အစားထိုးကုသရန်လိုအပ်သည်။ ခွဲစိတ်ကုသပြီးသောလူနာအများစုသည် ရောဂါသက်သာဖို့ရာအတွက် ဒူးခေါင်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းကို စမ်းသပ်တွေ့ရှိခဲ့သည်။
“စက်ရုပ်နည်းပညာဖြင့်ဒူးခေါင်းအစိတ်ပိုင်းအစားထိုးခွဲစိတ်ကုသခြင်း” သည် 3D စတီရီယိုပုံရိပ်၊ ကွန်ပြူတာနည်းပညာ၊ စက်ရုပ်လက်တံများအကူဖြင့် ပျက်စီးနေသောဒူးခေါင်းကို တိကျမှန်ကန်စွာခွဲထုတ်ခြင်းနှင့် လဲလှယ်ခြင်းကြောင့် ဒူးခေါင်းအနီးရှိ အရွတ်နှင့် အရိုးနုများထိခိုက်ပျက်စီးမှုမရှိစေခြင်း၊ ခွဲစိတ်ကုသမှုမပြုမီ တစ်ဦးချင်း၏ဒူးအဆစ်များကို အံဝင်ခွင်ကျဖြစ်စေရန် ကွန်ပျူတာဖြင့်  တိုင်းထွာမှုလုပ်နိုင် ရုံသာမက ခွဲစိတ်ကုသနေချိန်တွင်လည်း ကွန်ပျူတာကိုအသုံးပြုပြီး အရွတ်များ၏ တင်းမာမှုနှင့် ခွဲစိတ်ပြီးနောက် ဒူးခေါင်ဒူးဆစ်၏ လှုပ်ရှားမှုများကို လိုအပ်သလိုချက်ချင်းချိန်ညှိနိုင်သည်။

စက်ရုပ်လက်တံဖြင့်ခွဲစိတ်ကုသရာတွင် အမှားဖြစ်နိုင်ချေမှာ (၀.၅) မှ (၁.၀) မီလီမီတာသာ ဖြစ်ပြီး ထောင့်အကျယ်ဒီဂရီအမှားဖြစ်နိုင်ချေမှာ (၁)ဒီဂရီအောက်သာရှိသည်။ ယခင်ရှေးရိုးခွဲစိတ်မှုကြောင့်ဖြစ်သော အမှားထက်လွန်စွာသေးငယ်မည်ဖြစ်သည်။ အကောင်းဆုံးသော ဒူးခေါင်းအစားထိုးခွဲစိတ်ကုသခြင်း၏ စံနမူနာမှာ ခွဲစိတ်ရာတွင် ဒူးခေါင်းရှိအရွတ်နှင့် အရိုးနုကိုများကို ၃ပုံ၂ပုံအထိ ထိခိုက်မှုမရှိအောင်ကုသပေးနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဒူးခေါင်း၏တည်ငြိမ်မှုနှင့် အသုံးပြုမှုကို မြှင့်တင်ပေးနိုင်သည်။ စက်ရုပ်လက်တံ၏အားသာချက်မှာ တိကျမှန်ကန်ခြင်း၊ ဒဏ်ရာသေးငယ်ခြင်း၊ အနာကျက်မြန်ခြင်း အစရှိသောအားသာချက်များဖြစ်သည်။

置頂