အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

ကိုယ်အလေးချိန်ထိန်းချုပ်စီမံခန့်ခွဲခြင်း

အမျိုးမျိုးသောကိုယ်အလေးချိန်လျေ့ာချခြင်းဆိုင်ရာစီမံခံခွဲမှုများကို ပရော်ဖက်ရှင်နယ်ကျသော အစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးသော စင်တာဖြစ်သည်။  အဝလွန်ခြင်းကြောင့်ဖြစ်သော နာတာရှည်ရောဂါများ၊ ဆီးချိုရောဂါများ၊ ကိုယ်အလေးချိန်လျော့ချရန်ခွဲစိတ်ကုသခြင်း၊ ကိုယ်အလေးချိန်ကိုအားကစားဖြင့်ထိန်းချုပ်ရန်သင်တန်းများပြုလုပ်ပေးခြင်း၊ ခန္ဓာကိုယ်အချိုးအဆစ်လှပအောင်ပြုလုပ်ပေးခြင်း၊ အစားအသောက်အကြံပေးခြင်း စသည်တို့ပြုလုပ်ပေးခြင်းဖြင့် လူနာများအတွက်ပိုမိုသာယာလှပပြီး ကျန်းမာသောဘ၀သစ်ဆီသို့ရောက်အောင်ပို့ဆောင်ပေးသည်။

 

ပါရဂူ

Taipei Medical University Hospital

王偉, ဒေါက်တာ ဝမ်ဝိမ် Weu Wang

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ဘက်စုံကိုယ်အလေးချိန်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကို ၂၀၀၈ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ အဝလွန်ခြင်းကို ကုသသောနည်းလမ်းများ နှင့် ကျန်းမာသောလူမှုဘဝများပိုင်ဆိုင်နိုင်ရန် ကိုယ်အလေးချိန်ထိန်းသိမ်းနည်းအမျိုးမျိုးကို ဆောင်ရွက်ပေးသော စင်တာဖြစ်သည်။ လူနာတစ်ဦးတစ်ယောက်ချင်းဆီနှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး  သူတို့၏အခြေအနေအပေါ်လိုက်၍ ကိုယ်အလေးချိန်ကိုထိန်းသိမ်းရေးကို အသေးစိတ်လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာရေးကိုမြှင့်တင်ပေးသည်။ ဤစင်တာ၏၀န်ဆောင်မှုများမှာ- ဇီဝဖြစ်စဉ်ပြောင်းလဲမှုဆိုင်ရာအဝလွန်ရောဂါကိုကုသရန် အစာခြေဖျက်သောစနစ်ကို ပြောင်းလဲပေးသည့် ထိခိုက်ဒဏ်ရာအနည်းဆုံးနည်းဖြင့် ခွဲစိတ်ကုသခြင်း၊  Da Vinci စက်ရုပ်လက်တံဖြင့်ခွဲစိတ်ကုသခြင်း၊ အခြားရောဂါကြောင့်အဝလွန်ခြင်းနှင့် အိပ်စက်ခြင်းဆိုင်ရာကုထုံးများ၊ နေထိုင်မှုအလေ့အကျင့်ကို ပြုပြင်ပြောင်းလဲပေးခြင်း၊
အာဟာရမျှတမှုရှိအောင်ဂရုစိုက်ပေးခြင်း၊ အစားအစာကိုအတိုင်းအချင့်ဖြင့်စားရန် ချိန်ညှိပေးခြင်း၊ ခန္ဓာကိုယ်အချိုးအစားလှပစေရန် ပြုပြင်ပေးခြင်းအစရှိသောဝန်ဆောင်မှုများကို ပြုလုပ်ပေးသည်။ ထိုင်ဝမ်၌ပထမဆုံးသော ကိုယ်အလေးချိန်ကုသရေးစင်တာဖြစ်ပြီး ပြည့်စုံသော ဘက်စုံ “ All-in-one”ဝန်ဆောင်မှုကို ပေးသည်။ ㄒ

စင်တာ၏အားသာချက်များနှင့် ကိုယ်အလေးချိန်လျော့ကျရေး စီမံခံ့ခွဲမှုများ၏ ရလဒ်များမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ထိုင်ပေဆေးတက္ကသိုလ်နှင့် ဆက်စပ်တွဲဖက်ဆေးရုံများ၏ဆေးရုံသုံးပစ္စည်းကိရိယာအရင်းအမြစ်များကိုပေါင်းစပ်ပြီး

ကျွမ်းကျင်သောဆေးအဖွဲ့ ရှိခြင်း၊ အလွန်ကောင်းမွန်သောသင်ကြားရေးနှင့် သုတေသနပြုလုပ်ရန်နယ်ပယ်ရှိသည်။ အာရှနိုင်ငံများတွင် ကိုယ်အလေးချိန်စီမံခံ့ခွဲသော ဆေးရုံများအနက် ကျွန်တော်တို့ဆေးရုံသည် ထိပ်တန်းဆေးရုံတစ်ခု ဖြစ်သည့်အပြင် အဝလွန်ရောဂါကိုကာကွယ်ခြင်းနှင့် အဝလွန်ရောဂါကိုသုတေသနပြုလုပ်သောစင်တာလည်းဖြစ်သည်။

၂။ ၂၀၁၁ ခုနှစ်အောက်တိုဘာလတွင်”အဝလွန်ရောဂါကုသခြင်းနှင့် ကိုယ်အလေးချိန်စီမံခန့်ခွဲမှုအလုပ်အဖွဲ့”ကိုတည်ထောင်ခဲ့သည်။ ဌာနများ၏အရင်းအမြစ်များကိုပေါင်းစပ်ပြီး ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာအဝလွန်ရောဂါခွဲစိတ်ကုသမှု၏အရည်အသွေးကိုတိုးမြှင့်ထားသည်။

၃။တိုက်တွန်းနိုးဆော်ခြင်း၏အကျိုးရလဒ်

(၁) ၂၀၀၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကိုယ်အလေးချိန်ကျရန်ခွဲစိတ်မှုခံယူသောလူနာ သေဆုံးမှုရာခိုင်နှုန်းမှာ (၀%) ဖြစ်သည်။

(၂)  အမျိုးမျိုးသောအတည်ပြုမှုများကိုရရှိခြင်း၊ အပြည်ပြည်ဆိုင်ရာကိုယ်အလေးချိန်ကျဆင်းရေးဆိုင်ရာ ခွဲစိတ်ကုသစင်တာ ICE အသိအမှတ်ပြုလက်မှတ်(ဖေဖော်ဝါရီလ ၊ ၂၀၁၂ ခုနှစ်)၊SNQ အမျိုးသားအရည်အသွေးအသိအမှတ်ပြုလက်မှတ် (ဒီဇင်ဘာလ ၊ ၂၀၁၂ ခုနစ် )နိုင်ငံတကာကိုယ်အလေးချိန်ကျဆင်းရန်ခွဲစိတ်ကုသမှုစင်တာ၏အကဲဖြတ်ခံရခြင်း 

(ဖေဖော်ဝါရီလ ၊ ၂၀၁၅ ခုနှစ် )ပြည်တွင်းရှိအထူးကိုယ်အလေးချိန်ကျဆင်းမှုနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုဆိုင်ရာ

အဝလွန်ရောဂါခွဲစိတ်ကုသစင်တာ၏အသိမှတ်ပြုလက်မှတ် (၂၀၁၇ခုနှစ်)အစရှိသည်။

置頂