အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

နှလုံးနှင့်ရင်ခေါင်း အပြင်းအထန်ပျက်ယွင်းမှုကုသခြင်း

နှလုံးနှင့်ရင်ခေါင်းအပြင်းအထန်ပျက်ယွင်းမှုကုသဌာနသည် နှလုံးခွဲစိတ်ကုသဌာန၊ ရင်ခေါင်းခွဲစိတ်ကုသဌာန၊ လင့်ဖ(lymph)သွေး‌ကြောခွဲစိတ်ကုသဌာနများကို ပေါင်းစည်း၍အဖွဲ့တည်ထောင်ထားသည့်အပြင် နှလုံးဆေးဘက်ဆိုင်ရာနည်းပညာဖြင့် ထိခိုက်ဒဏ်ရာအနည်းဆုံးဖြစ်အောင် ခွဲစိတ်ကုသမှုတို့ကို မြှင့်တင်ထားသည်။ ထိုင်ပေမြို့နယ်ပြည်သူပိုင်ဝမ်ဖန်ဆေးရုံ ပြင်းထန်လျင်မြန်သောနှလုံးသွေးကြောပိတ်ဆို့‌ရောဂါကိုပြုစုစောင့်ရှောက်အဖွဲ့(AMI)သည် ရောဂါစောင့်ရှောက်မှုအရည်အသွေး  (CCPC) အတည်ပြုလက်မှတ်ရရှိထားသည်။

ပါရဂူ

Taipei Municipal Wanfang Hospital

施俊哲,ဒေါက်တာ ရှစ်ကျွင့်ကျယ် Chun-Che Shih

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Taipei Municipal Wanfang Hospital

李紹榕, ဒေါက်တာ လီ‌‌ရှောက်ရုမ် Shao-Jung Li

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Taipei Municipal Wanfang Hospital

林永國, ဒေါက်တာ လင်ယုန်ကော် Yung-Kuo Lin

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ကျွန်ုပ်တို့၏စင်တာသည် ကျွမ်းကျင်သူများကိုစုစည်းထားခြင်း၊ မတူညီသောဌာနများကို ပေါင်းစည်းထားခြင်းဖြင့် နှလုံးရောဂါ

လူနာများအား အကောင်းဆုံးကုသပေးနေသည်။ နှလုံးသွေးကြောပိတ်ဆို့မှုနှင့် နှလုံးသွေးကြောကျဥ်းရောဂါကို ခွဲစိတ်ကုသရာတွင် အသေးဆုံးခွဲစိတ်ကုသမှုဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကုသခြင်း၊  နှလုံးသွေးလွှတ်ကြောအတွင်းသတ္တုအစားထိုးခွဲစိတ်ကုသခြင်း၊ နှလုံးအလုပ်လုပ်ချိန်တွင် နှလုံးခန်းဦးမြှောင်အတွင်းဖြစ်ပေါ်လာသော သွေးခဲဖတ်များကိုကာကွယ်တားဆီးရန်

နှလုံးခန်းဦးမြှောင်ကိုပိတ်ဆို့ရန်ခွဲစိတ်ခြင်း (Antihemomimetic ဖြင့်ကုသရန်မသင့်တော်ပါ) Pulmonary embolism (အဆုတ်သွေးကြောအဆို့ပိတ်ခြင်း၊ သွေးပြန်ကြောခဲခြင်း၊ ခန္ဓာကိုယ်စိတ်အပိုင်းသွေးလွှတ်ကြောများ အတွင်းသွေးခဲ၍ပိတ်ခြင်း) အစရှိသော‌ရောဂါများကို  Ultrasound thrombolysis (အာထရာစောင်းဖြင့်သွေးခဲများဖယ်ရှားခြင်းကိုတိုးမြှင့်ပေးခြင်း)  ဖြင့်ကုသပေးခြင်း။
၂၀၁၉ခုနှစ်တွင်ဝမ်ဖန်ဆေးရုံသည် ပြင်းထန်နှလုံးသွေးကြောပိတ်ရောဂါ ကုသပြုစုဂရုစိုက်အဖွဲ့ (AMI)သည် ဆေးဘက်ဆိုင်ရာ  ပေါ်လစီကောင်စီ၏ ”ရောဂါစောင့်ရှောက်မှုအရည်အသွေးအသိအမှတ်ပြု” လက်မှတ်ကိုရရှိခဲ့သည်။ နှလုံးကုသဌာန၊ အရေးပေါ်ဌာန၊ နှလုံးခွဲစိတ်ကုသဌာန၊ ရင်ခေါင်းကုသဌာန (သို့မဟုတ်) ထွေထွေရောဂါကုသဌာန (ဆေးလိပ်ဖြတ်သည့်အသင်း)၊ ရောဂါပြန်လည်ထူထောင်ရေးဌာန၊ ဆေးဝါးဖော်စပ်ဌာန၊ပြုစုစောင့်ရှောက်ခြင်းဌာန၊ လူမှုဝန်ထမ်းဌာန၊ အာဟာရဌာန၊ သတင်းအချက်အလက်ဌာနအစရှိသော ဌာနပေါင်းစုံ၏ပူးတွဲလုပ်ဆောင်မှုကြောင့် ပြင်းထန်နှလုံးသွေးကြောပိတ်ရောဂါကို ၂၄နာရီအရေးပေါ်ကုသမှုနှင့်စောင့်‌ရှောက်မှုတို့ကိုအကောင်းဆုံးဝန်ဆောင်ပေးသည်။
置頂