အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

နှုတ်ခမ်းနှင့်အာခေါင်ကွဲ

Craniofacial(ဦးခေါင်းဆိုင်ရာ)စင်တာသည် လူနာအပေါ်ဗဟိုပြုသည့် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုကို အထူးအလေးထားပြီး ဌာနများရှိဆေးဘက်ဆိုင်ရာအရင်းအမြစ်များကိုပေါင်းစပ်ထားသည်။ နား၊ နှာခေါင်း၊ လည်ချောင်းဌာန၊ ရောဂါပြန်လည်ထူထောင်ရေးဌာန၊ ကလေးအထူးကုဌာနနှင့် စိတ်ရောဂါကုသမှုဌာနအစရှိသော ဌာနများကိုပေါင်းစည်း ထားသည်။ လူနာနှင့် လူနာမိဘများစိုးရိမ်ပူပန်သော နား၊ နှာခေါင်းပြဿနာများ၊ စိတ်ကျန်းမာရေး အကဲဖြတ်ခြင်းနှင့် စိတ်ပိုင်ဆိုင်ရာလမ်းပြနှစ်သိမ့်ဂရုစိုက်ပေးခြင်းများကို ပြုလုပ်ပေးသည် ။ လူနာကိုကာကွယ်စောင့်ရှောက်ပေးခြင်းသည် လူနာအိမ်သားများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးသည်။

ပါရဂူ

Taipei Medical University Hospital

陳國鼎,ဒေါက်တာ ချမ်းကောတင် Philip Kuo-Ting Chen

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ခေတ်သစ်ဆေးပညာဖြင့် လူနာကိုဗဟိုပြု၍ ဘက်စုံဆေးကုသခြင်းဆိုသည်မှာ ဆေးပညာနယ်ပယ်မှပရော်ဖက်ရှင်နယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လက်တွေ့ကျကျဆေးပညာကိုအသုံးပြုမှုများ၊ ဆေးဘက်ဆိုင်ရာအရည်အသွေးနှင့်နည်းပညာများ ကို တိုးတက်လာအောင်ပြုလုပ်မှုများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အကောင်းဆုံးဆေးကုသမှုရလဒ်များကိုရရှိစေသည်။

မွေးရာပါ craniofacial(ဦးခေါင်ဆိုင်ရာ)လူနာများ၏ နေထိုင်မှုဘဝတွင် နေ့စဉ်ရင်ဆိုင်ရသောအစားအစာကျွေး ရန်ခဲယဥ်းခြင်း၊ အလှအပကိုမရှုမြင်တက်ခြင်း၊ ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုအားနည်းခြင်း၊ သွားများသေသပ်စီတန်းမှု မရှိခြင်း‌ကြောင့်သွားများလျင်မြန်စွာချွတ်ယွင်းမှုဖြစ်ခြင်းနှင့် သွားပိုးစားခြင်းလက္ခဏာများ၊ မျက်နှာအရိုးကြီးထွားမှု ပုံမှန်မဟုတ်ခြင်း၊ အလယ်နား‌ရောင်ရမ်းနာခြင်း နှာခေါင်းနာရောဂါ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဆက်ဆံရေးတွင် လိုက်လျောညီထွေမှုမရှိခြင်း အစရှိသော ပြဿနာများကို ရင်ဆိုင်ရသည်။

ဆေးကုသမှု၏ရည်ရွယ်ချက်မှာ လူနာ၏ပုံမှန်ပြင်ပအသွင်အပြင်ကိုလေ့လာရုံတင်မကပဲ၊ စကားပြောရာတွင်ပုံမှန်ဖွံ့ဖြိုးခြင်း၊ မျက်နှာပုံမှန်ဖွံ့ဖြိုးခြင်း၊ အကြားအာရုံပုံမှန်ဖွံဖြိုးခြင်း၊ အသက်ရှူလမ်းကြောင်းပုံမှန်လုပ်ဆောင်ခြင်းများကိုသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သောလူမှုဆက်ဆံရေးတည်ဆောက်နိုင်အောင်ပါ ကြိုးစားကုသဆောင်ရွက် ပေးသည်။ ဤရည်ရွယ်ချက်များအောင်မြင်ရန်အတွက် ဆေးသိပ္ပံနည်းပညာများကိုနိုင်ငံအချင်းချင်း၊ တိုင်းဒေသကြီး အချင်းချင်း၊ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်။ ဤသို့ပူပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ ယခုခေတ်ဆေးပညာလောက၏ စံပြကုထုံးဖြစ်သည်။

ထိုင်ပေဆေးတက္ကသိုလ်ပူးတွဲဆေးရုံ Craniofacial (ဦးခေါင်းဆိုင်ရာ)စင်တာသည် ထိုင်ဝမ်တွင်ယခုမှဖွင့်လှစ်ထားသောcraniofacial(ဦးခေါင်းဆိုင်ရာ)စင်တာဖြစ်သော်လည်း ထိုင်ဝမ်တွင် ကုသရေးဌာနပေါင်းစုံကို စုစည်းထားသည့် တစ်ခုတည်းသော စင်တာဖြစ်ပြီး မွေးရာပါ Craniofacial (ဦးခေါင်းဆိုင်ရာ)ရောဂပြဿနာများကို ဝန်ဆောင်မှုပေးသော စင်တာဖြစ်သည်။ ကျွန်ုပ်တို့စင်တာသည်ယခင်တစ်ခြားသော Craniofacial (ဦးခေါင်းဆိုင်ရာ)ဆေးကုစင်တာများကဲသို့ ခွဲစိတ်မှုနှင့်သွားဘက်ဆိုင်ရာ ဆေးကုသမှုနှစ်ခုတည်း သာပေါင်းစပ်ထားသည့်ပုံစံမျိုးမဟုတ်ပဲ နား၊ နှာခေါင်း၊ လည်ချောင်းဌာန၊ ရောဂါပြန်လည်ထူထောင်ရေးဌာန၊ ကလေးအထူးကုဌာန၊ စိတ်ရောဂါကုသမှုဌာနများကိုပါ ပေါင်းစပ်ထားသည်။ မိဘများနှင့်လူနာများစိုးရိမ်ပူပန်သော နားနှင့်ပတ်သက်သောရောဂါများ၊ နှာခေါင်းနှင့်ပတ်သက်သောရောဂါများ၊ ဖွံ့ဖြိုးမှုဆိုင်ရာရောဂါများသာမက စိတ်ကျန်းမာရေးအကဲဖြတ်ခြင်းနှင့် စိတ်ပိုင်ဆိုင်ရာကိုလမ်းပြနှစ်သိမ့်ဂရုစိုက်ပေးခြင်း အစရှိသော လိုအပ်ချက်များအတွက် ပိုမိုကောင်းမွန်သော၀န်ဆောင်မှုများကို ပြုလုပ်ပေးသည်။ ထိုင်ဝမ်မှ craniofacial(ဦးခေါင်းဆိုင်ရာ)စင်တာသည် လူနာများအတွက် အလှအပကိုပြုပြင်ဖန်တီးပေးသောနန်းတော်တစ်ခုအဖြစ် တည်ဆောက်ထားသည်။

置頂