အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

MRgFUS အသံလှိုင်းစက်(အသံလှိုင်းတုန်ခါမှုဖြင့်လမ်းညွှန်အာထရာစောင်းစက်)

ပုံမှန်မဟုတ်သောအာရုံကြောစနစ်ကြောင့်အပြုအမူများမူမမှန်ခြင်းဆိုင်ရာ ရောဂါကုသရေးအဖွဲ့ကို ၂၀၀၉ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အာရုံကြောဆိုင်ရာပါရဂူများနှင့် အာရုံကြောခွဲစိတ်ကုသဆရာဝန်များပူပေါင်းထားသောအဖွဲ့ ဖြစ်သည်။
တချို့သောလူများသည် ကျန်းမာသောခြေလက်အင်္ဂါများရှိသော်လည်း ကတုန်ကယင်ဖြစ်ခြင်းကြောင့် လွတ်လပ်စွာ မနေထိုင်နိုင်ပါ။ အလုပ်လုပ်ဖို့ရာမသင့်တော်သည့်အပြင် နေ့စဉ်လုပ်ဆောင်မှုများဖြစ်သော ထမင်းဟင်းခူးခပ်ခြင်း၊ ရေငှဲ့ခြင်း၊ သွားတိုက်ဆေးညှစ်ခြင်း၊ သွားတိုက်ခြင်း စသည့်အပြုအမူများကိုပင် ပြုလုပ်ရန်ခက်ခဲသည်။ ကတုန်ကယင်ကြောင့် အိမ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်သည့်အပြင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ရာ အခက်အခဲများစွာရှိပြီး လူမှုဆက်ဆံရေးကိုပါ ထိခိုက်နေသည်။

ပါရဂူ

Shuang Ho Hospital

洪千岱, ဒေါက်တာ ဟုန်ချင်းတိုက် Chien-Tai Hong

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

柯子翔, ဒေါက်တာ ခဲ့ကျစ်ရှမ် Tzu-Hsiang Ko

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

羅偉倫,ဒေါက်တာ လော့ဝေလွန်း Wei-Lun Lo

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

林明錦, ဒေါက်တာ လင်မင်ကျင် Ming-Chin Lin

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ကျန်းမာသက်သာချောင်းချိရေးဌာန စွမ်းဟော်ဆေးရုံတွင်တက်ရောက်ကုသခံယူနေသော အသက်၄၂နှစ်ရှိမစ္စတာဝမ်သည်

ထိန်းမရအောင်လက်တုန်သောကြောင့် နေ့စဥ်ဘဝ၊ အလုပ်နှင့် လူမှုဆက်ဆံရေးတွင် များစွာဒုက္ခပေးအနှောက်အယှက်ဖြစ်သည် ဟုပြောကြားခဲ့သည်။ သူ့အား အာရုံကြောဆိုင်ရာ ဆန်းစစ်သုံးသပ်ရာတွင် မူရင်းအရင်းအမြစ် ကတုန်ကယင်ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်းမာသက်သာချောင်ချိရေးဌာနစွမ်းဟော်ဆေးရုံး၏ ကုသရေးအဖွဲ့၏အကြံပေးမှုကြောင့် MRgFUS အသံလှိုင်းစက် (အသံလှိုင်းတုန်ခါမှုဖြင့်ကုသရေးအာထရာစောင်းစက်)ဖြင့် ကုသခဲ့သည်။ ၎င်းစက်သည် ခွဲစိတ်ကုသခြင်းလို ထိုးဖောက်ဝင်ရောက်စရာမလိုပဲ တိကျသည့်ကုသမှုပေးစွမ်းနိုင်သည်။ လူနာ၏ဦးနှောက်ထဲတွင်

လျှပ်ကူးပစ္စည်းနှင့် ဘက်ထရီများကိုထည့်သွင်းရန်မလိုအပ်ပါ။ ပိုးဝင်ခြင်း၊ ဦးနှောက်သွေးထွက်ခြင်း အစရှိသောလက္ခဏာများ

မရှိခြင်း၊ ထုံဆေးမေ့ဆေးပေးစရာမလိုပဲ လူနာကြည်လင်နိုးကြားအသိရှိသည့်အချိန်တွင် ကုသပေးသည်။  Magnetic

·        Resonance Imaging (MRI) စက်အညွှန်းအကူအညီဖြင့် တစ်ကြိမ်တည်းအောင်မြင်အောင်ကုသပေးသည်။
ကျန်းမာသက်သာချောင်းချိရေးဌာန စွမ်းဟော်ဆေးရုံအာရုံကြောဆိုင်ရာကုသဌာနရှိ ဆရာဝန်ဟုန်ချင်းထိုက်၏ ပြောကြားချက်အရ  အာရုံကြောဆုတ်ယုတ်ပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကတုန်ကရင်ဖြစ်ပွားရခြင်းဖြစ်သည် ဟုဆိုသည်။ ၎င်းရောဂါဖြစ်စေသည့် တိကျသောအကြောင်းအရင်းများကို မသိရသေးပေ။ လူကြီးပိုင်းတွင်အဖြစ်များပြီး အရွယ်သုံးပါးမရွေး ဖြစ်ပွားတက်သည်။ ရောဂါြဖစ်ပွားသောလူနာများထဲ၌ ထက်ဝက်ကျော်မှာမူ မျိုးရိုးဗီဇလိုက်ခြင်းကြောင့်ဖြစ်သည်။ ခန့်မှန်ချေအားဖြင့်ထိုင်ဝမ်တွင် ၎င်းရောဂါကိုခံစားရသူပေါင်း ၄သိန်းနီးပါးရှိသည့်အထဲတွင် ၁သိန်းခန့်လောက်က၎င်းရောဂါကြောင့် နေ့စဥ်ဘဝကိုဖြတ်သန်းရာတွင်အလွန်ဒုက္ခရောက်စေ

သည်။ လူနာများသည် ကတုန်ကယင်ကြောင့် အစစအရာရာ အဆင်မပြေမူများဖြစ်ပေါ်သည်။ စာရေးရာတွင်လည်း

ဘောပင်ကိုပင်ကောင်းစွာမဆုပ်ကိုင်နိုင်ခြင်း၊ ‌‌ရေဖိတ်ခြင်း စသည်တို့အပြင်  တိကျရန်လိုအပ်သော အလုပ်များ ဥပမာသော့ဖွင့်ခြင်းကဲ့သို့သော အနုစိတ်ပြုလုပ်ရသည့်အလုပ်များ ပြုလုပ်ဖို့ရန်ပင် များစွာအခက်အခဲဖြစ်နေသည်။
 ယခင်ရှေးရိုးနည်းဖြင့် မူရင်းဖြစ်ကတုန်ကယင်‌ရောဂါကိုကုသရာတွင် ပထမအဆုံးအနေနှင့် ဆေးဝါးဖြင့်ကုသသည်။ အကယ်၍သက်သာမှုမရှိလျှင် ဒုတိယအနေနှင့်ခွဲစိတ်ကုသသောနည်းဖြင့်ကုသပေးသည်။ ကျန်းမာသက်သာချောင်းချိရေးဌာန စွမ်းဟော်ဆေးရုံအာရုံကြောဆိုင်ရာခွဲစိတ်ဌာနဆရာဝန်လော့ဝေလွန်း၏ ဆိုညွှန်းချက်အရ‌ ယခင်ရှေးရိုးခွဲစိတ်ကုသမှုဖြစ်သော ကြားခံဦးနှောက်ဝဲယာအစိတ်အပိုင်းကိုခွဲစိတ်ကုသခြင်း(Thalamotomy)နှင့် ဦးနှောက်၏နက်နဲသောနေရာထဲသို့ ဦးနှောက်နှိုးဆော်စက်ကိရိယာထည့်ကုသခြင်း(DBS)နှစ်မျိုးစလုံးသည် ဦးခေါင်းကိုခွဲစိတ်ပြီး အပူပေးရာတွင်အဓိက

အသုံးပြုသော အပ်ဖြင့်ဦးနှောက်အတွင်းပိုင်းရှိ သဲလမတ်(ကြားခံဦးနှောက်ဝဲယာအစိတ်အပိုင်း)အတွင်းသို့ အပူပေးကုသခြင်း (သို့မဟုတ်) လျှပ်စစ်ဖြင့်နိုးဆွပေးနိုင်သောချစ်ပ်ကို ဦးနှောက်အတွင်းသို့ထည့်သွင်းပြီး လျှပ်စစ်ဖြင့်နိုးဆွခြင်း စသောကုသမှု

များကိုကုသရာတွင် လူနာများသည်ဦးခေါင်းကိုခွဲစိတ်ကုသရန်မလိုလားသည့်အပြင် ဦးနှောက်အတွင်းသို့ လျှပ်စစ်အသုံးပြု

ကုသခြင်းကိုလည်း မနှစ်မျို့ကြပေ။
ရှေးရိုးအတိုင်းခွဲစိတ်ကုသမှုနှင့်နိုင်းယှဥ်လျှင် MRgFUSအသံလှိုင်းစက် (အသံလှိုင်းတုန်ခါမှုဖြင့်ကုသရေးအာထရာစောင်းစက်) ဖြင့်ကုသရာတွင်ဦးခေါင်းကိုခွဲစိတ်စရာမလိုအပ်ပါဟု ဆရာဝန်ဟုန်ချင်းထိုက် မှပြောကြားခဲ့သည်။၁၀၀၀ကျော်အာထရာစောင်း

စုံစမ်းစစ်ဆေးရေးလက်တံ အားလုံးသည် သဲလမတ်(ကြားခံဦးနှောက်ဝဲယာအစိတ်အပိုင်း)တွင် စုစည်းပြီး ဦးခေါင်း၏ဧရိယာ

ကိုအပူပေးခြင်းဖြင့် ကတုန်ကယင်ဖြစ်ပေါ်စေသောအာရုံကြောလမ်းကြောင်းကို ဖျက်တောက်လိုက်သည်။ အထက်ပါကုသနည်းတွင် ထုံဆေးမေ့ဆေးပေးစရာမလိုအပ်ပေ။ ဦးခေါင်းကိုခွဲစိတ်ရန်လည်းမလိုအပ်ပဲ ကုသမှုကာလအတွင်း NMRစက်မှအာရုံကြော ကလာပ်စည်း၏ဗဟိုချက် အရှည်နှင့်အကျယ်(၂ မီလီမီတာ) သို့  တိကျမှန်ကန်သောစွာလမ်းပြ

ပေးနိုင်ပြီး လိုအပ်သောစွမ်းအင်ကိုပေးပိုနိုင်မည်ဖြစ်သည်။ အထက်ပါကုသနည်းသည် ကတုန်ကယင်ရောဂါကို ချက်ချင်းပျောက်ကင်းအောင်ကုသနိုင်သည်။ ဤကုသနည်းသည် နောင်အနာဂတ်ကာလ၌ ဦးခေါင်းကိုခွဲစိတ်ကုသသော‌ ရှေးရိုးကုသမှုကိုအစားထိုးကုသမည့် အဓိကကုသမှုတစ်မျိုး ဖြစ်သည့်။
ကတုန်ကယင်ရောဂါကိုခံစားနေရသောလူနာ မစ္စတာဝမ်သည် အရင်ကဗီဒီယိုဂိမ်းပြုပြင်ရေးပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်းပြောကြားခဲ့သည်။ သို့သော်အသက် ၃၅ နှစ်အရွယ်တွင်ရုတ်တရက်ကတုန်ကယင်ဖြစ်သော ရောဂါစတင်ခဲ့သည်။ သူ၏ဘ၀သည်ပျော်ရွှင်စရာကောင်းသောဘဝမှ စိတ်ညစ်စရာကောင်းသော မှောင်မှိက်သော ဘဝသို့ရောက်ရှိသွားသည်။ ရောဂါစဖြစ်ခါစတွင်ဆေးစားခြင်းဖြင့် စတင်ကုသခဲ့သည်။ အစပိုင်းတွင် ရောဂါသက်သာ

လာသော်လည်း ၂နှစ်လောက်ကြာမြင့်လာသောအခါ ကတုန်ကယင်ဖြစ်ခြင်းသည် နေ့စဥ်နှင့်အမျှ ပိုမိုဆိုးဝါးလာသည်။ နောက်ပိုင်ဆေးစားကုသခြင်းသည်လည်း တုန်ယင်မှုရောဂါမှသက်သာ ခြင်းမရှိတော့ပေ။ ထို့ကြောင့် မိသားစုအသိ

မိတ်ဆွေများနှင့်အတူ စားသောက်ရာတွင်အခက်အခဲဖြစ်လာသည်။ အလုပ်လက်မဲ့ဖြစ်လာသည်။ ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးမှာအဆင်မပြေဖြစ်လာ၍ စိတ်ပိုင်းဆိုင်ရာပါထိခိုက်ပြီး စိတ်ဓါတ်ကျလာသည်။ ကျန်းမာသက်သာချောင်းချိရေးဌာနစွမ်းဟော်ဆေးရုံမှ စာရေးခြင်း၊ ရေငှဲ့ခြင်း၊ ပုံပန်းချီဆွဲခြင်း အစ‌ရှိသော အသေးစိတ်စမ်းသပ်ချက်များပြုလုပ်ပေးခဲ့သည်။ ကျန်းမာသက်သာချောင်းချိရေးဌာန စွမ်းဟော်ဆေးရုံဆေးကုသအဖွဲ့သည် MRgFUS အသံလှိုင်းစက်၏ တိကျသောအဓိကလုပ်ဆောင်ချက်နည်းပညာဖြင့် ကတုန်ကယင်‌ရောဂါကို တစ်ကြိမ်တည်းကုသရုံဖြင့်ပျောက်ကင်းစေခဲ့ပြီး မစ္စတာဝမ်၏ ယုံကြည်မှုပြည့်ဝသော နေ့စဥ်နေထိုင်ရေးဘဝကို ပြောင်းလဲစေခဲ့သည်။
置頂