အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  ဆေးဘက်ဆိုင်ရာအထူးကုသမှု
ဆေးဘက်ဆိုင်ရာအထူးကုသမှု

ROSA spine စက်ရုပ်လက်တံ

ROSA spine စက်ရုပ်လက်တံသည် ပြင်သစ်ကုမ္ပဏီမှ ခွဲစိတ်ကုသဖို့ရန်အတွက် တီထွင်ထားသောစက်ရုပ်ဖြစ်သည်။

၎င်းစက်ရုပ်၏ အဓိကလုပ်ဆောင်ချက်မှာ ကျောရိုးဆစ်များကိုခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များအတွက် ခွဲကုသရန် လိုအပ်သောနေရာကို အတိအကျ ညွှန်ပြနိုင်ခြင်း၊  အထူးသဖြင့် သာမန်မျက်စိဖြင့်မမြင်နိုင်သောနေရာများကို ခွဲစိတ်ကုသရန်လိုအပ်သောအခါတွင် အဓိကအသုံးပြုနိုင်သည်။ စက်ရုပ်လက်တံထိပ်တွင် မတူညီသောလုပ်ဆောင်ချက်အမျိုးမျိုး ပေါင်းစပ်ထားသည့်အတွက် ကျောရိုးခွဲစိတ်မှုအား တိကျမှန်ကန်ဘေးကင်းစွာ ခွဲစိတ်နိုင်ရန် အကူအညီပေးသည်။  ယခင်ရှေးကျောရိုးခွဲစိတ်ကုသမှုစနစ်သည် ခွဲစိတ်ခံရသော လူနာအသက်ရှူခြင်းကြောင့် ခန္ဓာကိုယ်လှုပ်ရှားသည့် အခြေအနေကို မကျော်လွှားနိုင်ပါ။ ROSA spine စက်ရုပ်လက်တံတွင်အချိန်နှင့်တပြေးညီ

တုန့်ပြန်မှုစနစ်ရှိပြီး လူနာ၏အသက်ရှူမှုကြောင့် ဖြစ်ပေါ်သော ခန္ဓာကိုယ်အနေအထားပြောင်းလဲမှုကို သိရှိနိုင်သည်။ စက်ရုပ်လက်တံသည် မှန်ကန်တိကျမှုနှင့် လုံခြုံမှုကိုရရှိရန် အချိန်မရွေးချိန်ညှိပေးသည်။

ပါရဂူ

Shuang Ho Hospital

林家瑋, ဒေါက်တာ လင်ကျားဝေ Jia-Wei Lin

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

林乾閔, ဒေါက်တာ လင်ချမ်မင် Chien-Min Lin

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

劉恆維, ဒေါက်တာ လောဟမ်ဝေ Heng-Wei Liu

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

蘇鈺凱, ဒေါက်တာ ရှုးယွိခိုက် Yu-Kai Su

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

羅偉倫,ဒေါက်တာ လော့ဝေလွန်း Wei-Lun Lo

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

Shuang Ho Hospital

林明錦, ဒေါက်တာ လင်မင်ကျင် Ming-Chin Lin

ပါရဂူအတွေ့အကြုံမိတ်ဆက်ခြင်း

အထူးကုသမှုဖော်ပြချက်

ဘယ်လိုလူနာတွေက ROSA Spine ကျောရိုးစက်ရုပ်လက်တံကို အသုံးပြုရန်လိုအပ်ပါသလဲ?
ဆရာဝန်၏ ဆန်းစစ်အကဲဖြတ်မှုဖြင့် ခါးရိုးဆစ်အတွင်းသို့ သံဝက်အူထည့်ရန်လိုအပ်သော လူနာများအားလုံး အသုံးပြုနိုင်သည်။

ROSA Spine စက်ရုပ်လက်တံကို လတ်တလောတွင် ခါးရိုးဆစ်ကိုခွဲစိတ်ပြီး သံဝက်အူထည့်သည့်နေရာတွင်လည်း အသုံးပြုသည်။ ခွဲစိတ်ဆရာဝန်ခွဲစိတ်နေစဥ် O-ပုံသဏ္ဌာန်စက်ရုပ်လက်တံမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီပုံရိပ်များကို ပို့ပေးသောကြောင့် ROSA spine စက်ရုပ်လက်တံက သံဝက်အူစိုက်ရန်နေရာကို တိကျမှန်ကန်စွာတွက်ချက်ညွှန်ပြနိုင်သည်။ ထိုသို့တိကျစွာညွှန်ပြနိုင်ခြင်းကြောင့် ခွဲစိတ်ဆရာဝန်သည် သံဝက်အူကို လိုအပ်သောနေရာတွင် တိကျစွာ ထည့်သွင်းနိုင်မည် ဖြစ်သည်။
 ROSA spine စက်ရုပ်လက်တံဟာဘယ်လောက်အထိ တိကျသလဲ?
ROSA spine စက်ရုပ်လက်တံ၏ မှားယွင်းမှုမှာယေဘုယျအားဖြင့် 0.2mm(0.02cm)အောက်တွင်သာရှိသည့်အတွက် အလွန်တိကျသည်။ အကယ်၍စက်ရုပ်လက်တံမှားယွင်းမှုရှိလျှင် ROSA spine စက်က အလိုအလျောက်ရပ်တန့်ပြီး ပြန်လည်ချိန်ညှိရန်တောင်းဆို မည်ဖြစ်သည်။

 
ROSA spine စက်ရုပ်လက်တံအသုံးပြုခြင်းမှာဘာအာသားချက်တွေရှိသလဲ?
တိကျမှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းခြင်း၊ အထူးသဖြင့်ကျောရိုးဆစ်ယိုယွင်းပျက်စီးသောလူနာများနှင့် ကျေားရိုးဆစ်ကွေ့ကောက်သောလူနာများအတွက် အလွန်စိတ်ချရသည်။
လည်ဆစ်ရိုးအတွက်ROSA spine စက်ရုပ်လက်တံကိုအသုံးပြု၍ရပါသလား?
လက်ရှိတွင် ကျောရိုးခွဲစိတ်ကုသရန်အတွက်သာအသုံးပြုသည်။
置頂