အသုံးပြုသူအတွေ့အကြုံပိုမိုကောင်းမွန်စေရန်ကျွန်ုပ်တို့သည် cookie analysis နှင့်အခြားခြေရာခံသည့်နည်းပညာများကိုအသုံးပြုသည်။ ကျွန်ုပ်တို့၏တရား ၀ င် ၀ က်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ privacy protection policy ကိုအတည်ပြုပြီးသဘောတူသည်။ သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒနှင့် ပါတ်သက်၍ အသေးစိတ်သိလိုပါက သီးသန့်လုံခြုံရေးကာကွယ်ရေးမူဝါဒ ကိုကြည့်ပါ။

  အမြဲတွေ့နေကျမေးခွန်း

အမြဲတွေ့နေကျမေးခွန်း

မေး။နိုင်ငံတကာအပြည်ပြည်ဆိုင်ရာဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုရန် မည်သည့် အထောက်အထားများ လိုအပ်သနည်း။ ထိုင်ဝမ်နိုင်ငံသားသည် ဤဝန်ဆောင်မှု အသုံးပြုလို့ရပါသလား။

ဖြေ။

ထိုင်ဝမ်နိုင်ငံသားမဟုတ်သောသူများနှင့် ထိုင်ဝမ်ကျန်းမာရေးအာမခံကို မသုံးတဲ့သူတွေက ဤစင်တာ၏ဝန်ဆောင်မှု ကိုသုံးနိုင်ပါသည်။ ဤဝန်ဆောင်မှုသည် ပြည်ပနှင့် နိုင်ငံတကာမှ လူနာများအတွက်သာဖြစ်သည်။ အကယ်၍ ထိုင်ဝမ်နိုင်ငံသားများကျန်းမာရေးနှင့် ပတ်သက်သောလိုအပ်ချက်များရှိပါက ကျေးဇူးပြု၍ ထိုင်ပေပင်မအဖွဲ့အစည်းပိုင် ဆေးရုံခွဲဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာကြည့်ရှုပါ။

မေး။နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ ဆေးဘက်စင်တာက ဘယ်လိုဝန်ဆောင်မှုတွေပေးနိုင်သလဲ။

ဖြေ။

ဤစင်တာတွင်အမြန်ဆုံးနှင့်အဆင်ပြေဆုံးရက်ချိန်း၊ အရည်အသွေးအမြင့်ဆုံးဆေးကုသမှု၊ ပရော်ဖက်ရှင်နယ် အကျဆုံးဝန်ဆောင်မှုများနှင့် စင်တာမှအထူးဝန်ထမ်းများက ဆေးကုသခံယူရန်အတွက်ခရီးစဉ်များကိုစီစဉ်ပေးခြင်း၊ ဗီဒီယိုကောနှင့်တိုင်ပင်ဆွေးနွေးခြင်း၊ ဆေးကုသမှုကိုစီစဉ်ပေးခြင်း၊ ဆေးရုံတက်ရာတွင် လိုအပ်သောဝန်ဆောင်မှုများ ကိုဆောင်ရွက်ပေးခြင်း၊ ဆေးဘက်ဆိုင်ရာ အသိပညာကျွမ်းကျင်သောစကားပြန်များစီစဉ်ပေးခြင်းများနှင့် လူနာနှင့်လိုက်ပါလာသောအိမ်သားဆွေးမျိုးများအတွက် ထိုင်ဝမ်ရောက်ရှိပြီးနောက် လိုအပ်သောခရီးသွားလာရေး၊ နေရာထိုင်ခင်း၊ခရီးသွားလည်ပတ်ခြင်း၊ ဝင်ခွင့်ဗီဇာနှင့် အခြားလိုအပ်သော အချက်အလက်များကို ဝန်ဆောင်မှုပေးသည်။

မေး။နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလူနာများအတွက် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို မည်သည့်နေရာတွင်ရှာဖွေနိုင်သနည်း။ နိုင်ငံတကာဆေးကုသမှုဝန်ဆောင်မှုများအတွက် ရက်ချိန်းယူရန် မည်သို့ပြုလ

ဖြေ။

ကျေးဇူးပြု၍ဤဝက်ဘ်ဆိုက်ရှိဆေးကုသသူများသိရှိရန် အချက်အလက်များနှင့် ပြုလုပ်ရန်အဆင့်ဆင့်ကို အရင်လေ့လာပါ။ ဆေးကုသမှုစင်တာနှင့်ကြိုတင်ချိန်းဆိုလိုလျှင် အရင်ဦးစွာ စုံစမ်းမေးမြန်းရန် လျှောက်လွှာပုံစံကို ဖြည့်စွက်ပေးပါရန် စင်တာတာဝန်ခံဝန်ထမ်းများက သင့်လိုအပ်ချက်များကို ကူညီမှုပေးလိမ့်မည်။

မေး။နိုင်ငံတကာအပြည်ပြည်ဆိုင်ရာကြည့်ရှုဖလှယ်လေ့လာခြင်းခရီးစဉ်(သို့မဟုတ်) ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားပြုစုပျိုးထောင်လေ့ကျင့် ပေးခြင်း ဆိုတာဘယ်လိုလဲ? ကျွန်ုပ်ရက်ချိန်းယူလို့ရမလား?

ဖြေ။

ထိုင်ပေဆေးရုံပင်မအဖွဲ့စည်းရှိဌာနများသည်အများနှင့်မတူ တမူထူးခြားသောဝန်ဆောင်များရှိသည်။အကယ်ဤသင်သည်ကျွန်ုပ်တို့နှင့်ပတ်သက်သောအကြောင်းအရာကို စိတ်ဝင်စားခြင်း၊ ပိုမိုသိလိုခြင်း (သို့မဟုတ်)လာရောက်ကြည့်ရှုလေ့လာလို လျှင်(သို့မဟုတ်) ဆေးဘက် ဆိုင်ရာပရော်ဖက်ရှင်နယ်များသည် ဤစင်တာတွင်လာ၍လေ့လာသင် ယူလိုလျှင် ကျွန်ပ်တို့စင်တာဝက်ဘ်ဆိုက်၏ ဝန်ဆောင်မှုဖော်ပြချက် များကိုလေ့လာနိုင်သည်။ပြီးလျှင်ပရော်ဖက်ရှင်နယ်ဆွေးနွေးတိုင်ပင်ချိန်းဆိုမှုပုံစံဖိုင်ကိုဖြည့်စွက်ပေးရန်။ ဖြည့်စွက်ပြီးနောက်ဆေးရုံဝန်ထမ်းသည် သင့်အတွက်လိုအပ်သောဝန်ဆောင်မှု များကိုပေးလိမ့်မည်။

မေး။နိုင်ငံတကာလူနာဌာနလွှဲပြောင်းကုသခြင်းဝန်ဆောင်မှုသည်မည်သို့သောလူကိုဝန်ဆောင်မှုပေးသလဲ?

ဖြေ။

နိုင်ငံတကာလူနာဌာနလွှဲပြောင်းကုသမှုသည် ပရော်ဖက်ရှင်နယ် ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ (သို့မဟုတ်)ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ အတွက်လုပ်ဆောင်သောဝန်ဆောင်မှုဖြစ်သည်။ ပရော်ဖက်ရှင်နယ် ထင်မြင်ချက် ဖလှယ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း(သို့မဟုတ်) တစ်ဦးတစ်ယောက်အတွက် ဆွေးနွေးမှုလိုအပ်ခြင်း (သို့မဟုတ်) ထိုင်ပေဆေးရုံပင်မအဖွဲ့စည်းသို့ကုသရန်ရောက်ရှိလာသော အထူးခွဲစိတ်ကုသမှု (သို့မဟုတ်) ကုသမှုလိုအပ်ခြင်းအစရှိသောဝန်ဆောင်မှုများလိုအပ်လျှင် ကျွန်ပ်တို့စင်တာဝက်ဘ်ဆိုက်၏ ဝန်ဆောင်မှုဖော်ပြချက် များကိုလေ့လာနိုင်သည်။အကယ်၍လိုအပ်မှုရှိလျှင် ပထမဦးစွာ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်နှင့်ဆွေးနွေးတိုင်ပင်မှု ပုံစံဖိုင် ကိုဖြည့်စွက်ပါ။ သင်လိုအပ်သည်များကို ဆေးရုံဝန်ထမ်းမှ ကူညီလုပ်ဆောင် ပေးမည်ဖြစ်သည်။

置頂